❤Unicode
"ဒုန်း! ခွမ်း!''
"တောက်! အဲ့ကောင်ကဘာမို့လို့လဲ..အဲ့ကောင်ကဘာမို့လို့ ငါလိုချင်တာတွေအကုန်လုံးကို လွယ်လွယ်ကူကူနဲ့ရနေရတာလဲ''
ဟန်နာတစ်ယောက် သူမအခန်းထဲမှာပေါက်ကွဲနေမိတယ်။ သူမကြံစည်လိုက်တိုင်း မအောင်မြင်တာတွေ၊ သူမကိုမဲ့ပြုံးနဲ့ပြန်ကြည့်တတ်တဲ့ အဲ့ကောင်ရဲ့အထင်သေးတဲ့အကြည့်တွေ၊ ဒါတွေက သူမရဲ့ဒေါသကို ပိုပြီးလောင်မြိုက်စေတယ်။
ဟာရာရဲ့ အဲ့ကောင်အပေါ် ဂရုစိုက်မှုတွေ၊ ပြီးတော့ ဟာရာရဲ့အဆောင်ရှေ့မှာ မက်မက်မောမောနမ်းရှိုက်နေကြတဲ့မြင်ကွင်းတွေကို ပြန်မြင်လာတိုင်း သူမထိုကောင်ကို လူ့လောကထဲကနေပါ ဖယ်ထုတ်ပစ်လိုက်ချင်မိတယ်။ တကယ်လည်း ဖယ်ထုတ်ပစ်မှာ...။
"ဆရာတူအစ်မ ဂိုဏ်းချုပ်ကြီးရောက်နေပါတယ်''
ဟန်နာက အဆောင်အရှေ့က အငယ်တန်းတပည့်လေးရဲ့အသံကြောင့် အခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လာခဲ့တယ်။ ဂိုဏ်းချုပ်ကြီးက အဆောင်ရှေ့က ကျောက်စားပွဲမှာထိုင်ကာ လက်ဖက်ရည်သောက်ရင်း သူမကိုစောင့်နေဟန်..။
"ဆရာ..တပည့်ရောက်ပါပြီ..ဆရာ့ကိုအရိုအသေပေးပါတယ်''
"ထိုင် ဟန်နာ..ဆရာမင်းကိုပြောဆရာရှိတယ်''
ဂိုဏ်းချုပ်ကြီးက သူ့ရဲ့မူပိုင်မျက်နှာတည်တည်နဲ့ပဲစကားပြောတယ်။ စကြာဂိုဏ်းရဲ့ဂိုဏ်းချုပ်က အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ အနီရောင်နဲ့ေရွှရောင်ရောစပ်ထားတဲ့ဝတ်ရုံရှည်ကို အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး နှုတ်ခမ်းနီကို ရဲရဲနီအောင်ဆိုးထားသေးတာကြောင့် ကျက်သရေရှိလှတယ်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?