arc 2.3 ကူရာ

13.1K 1.1K 35
                                    

❤Unicode

'ကြယ်ဂိုဏ်း' လို့ရေးထိုးထားတဲ့တံခါးအရှေ့မှာ ဟာရာ သူ့ရဲ့မြင်းကိုရပ်လိုက်တယ်။ ပြီးတာနဲ့ ရင်ခွင်ထဲကအကောင်ပေါက်ကို ညင်ညင်သာသာလေးပွေ့လိုက်ပြီး သူ့ရဲ့အရိပ်ကိုယ်ဖော့သိုင်းကိုအသုံးပြုလို့ မြင်းပေါ်ကဆင်းလိုက်တယ်။

တံခါးရှေ့မှာ တပည့်လေးနှစ်ယောက်က ကူရာကိုသူပွေ့လာတာတွေ့တာနဲ့ အနားကိုရောက်လာကြတယ်။

"သခင်လေးဘာဖြစ်လာတာလဲ''

"တိုးတိုးပြော! "

ဟာရာက အော်ကြီးဟစ်ကျယ်ပြောလာတဲ့ကောင်ကို ပိတ်ဟောက်လိုက်တယ်။ သူ့ကိုသိတဲ့ဂိုဏ်းသားလေးက သူဟောက်လိုက်တာကြောင့် အနောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်သွားတယ်။ ဒါက သိုင်းလောကမှာ ဟာရာရဲ့လွှမ်းမိုးမှုပဲ။

"မင်းတို့ဂိုဏ်းချုပ်ကို ငါရောက်နေတယ်လို့သွားပြောလိုက်''

"ဟုတ်ကဲ့''

ဂိုဏ်းသားလေးက သူတို့ကိုခဏစောင့်ခိုင်းပြီး ဂိုဏ်းထဲကိုခပ်မြန်မြန်ပဲဝင်သွားတယ်။

"အွန့်! "

ဂိုဏ်းသားလေးပြန်မလာခင် လှုပ်လှုပ်ရှားရှားနဲ့ ကူရာနိုးလာတယ်။ သူမျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက အနက်ရောင်ဝတ်ရုံနဲ့ ရင်ဘတ်ကျယ်ကျယ်တစ်စုံ။ မျက်လုံးလှန်ကြည့်လိုက်တော့ ဟာရာက သူ့ကိုပြုံးပြုံးလေး ငုံကြည့်နေတာနဲ့တိုးတယ်။

"အာ..ဟာရာ ကျွန်တော့်ကိုနှိုးလိုက်တာမဟုတ်ဘူး..အားနာလိုက်တာ''

ရှောင်းကျန့်က ဟာရာရဲ့ရင်ခွင်ထဲကနေ လျှောဆင်းရင်း အားနာတဲ့ပုံစံလေးဖမ်းလို့ပြောလိုက်တယ်။ ဘယ်လောက်ပဲကိုယ့်ချစ်သူဖြစ်နေပါစေ အခုချိန်မှာ ဟာရာက ဘာကိုမှမှတ်မိတာမဟုတ်တာကြောင့် သူ့ရဲ့အပြုအမူတွေကို အတတ်နိုင်ဆုံးထိန်းရမယ်။

သူပြောလိုက်တော့ ဟာရာက သူ့ကိုနူးနူးညံ့ညံ့လေးပြုံးပြလာတယ်။

"မင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနဲ့ ကိုယ်မနှိုးရက်လို့ပါ''

"အာ...''

ရှောင်းကျန့်က သူ့လူကြီးရဲ့စကားကြောင့် ဖိန်းတိန်းရှိန်းတိန်းဖြစ်သွားးရတယ်။ ဒီကမ္ဘာရဲ့သူ့ချစ်သူပုံစံက နည်းနည်းတော့ သူ့ကိုကသိကအောင့်ဖြစ်စေတယ်။ ထိကပါးရိကပါးပြောတတ်လွန်းတဲ့သူ့ချစ်သူကြောင့် ရှောင်းကျန့်မှာ ရှက်နေရတာတော့ အမှန်ပင်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now