❤Unicode
"မက်စ် အားလုံးအဆင်သင့်ဖြစ်ပြီ၊ စထွက်လို့ရပြီ''
"အင်း ဒါဆိုစထွက်ကြတာပေါ့၊ ေဇး ကျွန်တော်မှာထားတာမမေ့နဲ့နော်''
"စိတ်ချပါ ကိုယ်လုပ်နိုင်တယ်''
"ဟက်! စောင့်ကြည့်ရတာပေါ့၊ သွားပြီ F City မှာတွေ့မယ် ေဇး''
ရှောင်းကျန့် သူ့ကို ကားအနားထိလိုက်ပို့ပေးတဲ့ဇေးကို နှုတ်ဆက်ကာ F City ကိုထွက်လာလိုက်သည်။ ဇာတ်လိုက်နှစ်ယောက်ကတော့ အရိပ်တောင်မတွေ့ရပေ။
ရှောင်းကျန့် မနေ့က bunny ပြောပြတဲ့ ဇာတ်လိုက်တို့ရဲ့အကြံတွေကို ပြန်တွေးကြည့်လိုက်သည်။
သူတို့သွားမယ့် F City က တကယ်ကို zombie အနည်းဆုံးမြို့တော်ဖြစ်သည်။ သို့ပေမယ့် ဒီနေ့တော့ F City ကို zombie တွေအများကြီးရောက်နေလိမ့်မည်။ ဘာကြောင့်လဲဆိုရင်တော့ ဇာတ်လိုက်ဂျက်ဖရီက ရွှေရောင်အဆင့် zombie တွေကို မြှားခေါ်ထားသည်လေ။
Bunny ပြောပုံအရဆိုရင်တော့ ရွှေရောင်အဆင့် zombie ၁၀ ကောင် F City ကိုရောက်နေချေပြီ။ ဇာတ်လိုက်နှစ်ယောက်က တော်တော်ရက်စက်တယ်လို့ ပြောလို့ရသည်။
ရွှေရောင်အဆင့် zombie တွေက King level ရောက်နေတဲ့သူတောင် တော်တော်ကြီးသတ်ယူရတဲ့ အကောင်တွေဖြစ်သည်။ ထိုအကောင်မျိုး ၁၀ ကောင်တောင်ထည့်ထားတဲ့အပြင် သူတို့အဖွဲ့ကလည်း သူအပါအဝင် အဖွဲ့ဝင် ၁၁ ရောက်သာရှိသည်။ လူတစ်ယောက်ကို zombie တစ်ကောင်နှုန်းဆိုရင်တောင် နိုင်ဖို့မဖြစ်နိုင်ပေ။
ထို့အပြင် မြို့ထဲမှာ အခြားအဆင့်နိမ့် zombie တွေလည်းရှိနေသေးသည်။ သူသာကြိုမသိထားရင် သူတို့အဖွဲ့သားတွေ တစ်ယောက်မှ အသက်ရှင်လျက်ပြန်ထွက်လာနိုင်မှာမဟုတ်ပေ။ ဇာတ်လိုက်က သူ့တစ်ယောက်အတွက်နဲ့ လူ ၁၀ ယောက်ကိုပါ စတေးမယ့်ပုံပင်။
ရှောင်းကျန့် အတွေးတွေဆုံးတော့ F City ရဲ့အဝင်ဝကိုရောက်နေပြီဖြစ်သည်။ မြို့ထဲစဝင်တော့ မြို့ရဲ့အခြေအနေက တိတ်တိတ်ဆိတ်ဆိတ်ပင်ရှိနေသည်။
"ဂျွန် ညာဘက်လမ်းကိုကွေ့ဝင်လိုက် အဲ့မှာ market တစ်ခုရှိတယ်''
"အင်း မက်စ် မင်းက F City ကလား''
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?