arc 3.1 ရှီးယွဲ့လျန်

14.5K 1K 67
                                    

"system နယ်မြေကနေပြန်လည်ကြိုဆိုပါတယ် host အယ်! host အဲ့ဒါဘာလုပ်နေတာလဲ''

Bunny လေးက space ထဲပြန်ရောက်လာတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး မျက်လုံးအပြူးသားနဲ့..။ အင်္ကျီတွေဘောင်းဘီတွေလိတ်တင်ပြီး ပြာယာတွေခတ်နေတဲ့ရှောင်းကျန့်က bunny လေးရဲ့မျက်လုံးထဲမှာ အရူးသိုင်းကွက်နင်းနေသလိုပဲ။

"မြန်မြန်လုပ် bunny နောက်ကမ္ဘာသွားရအောင်''

"ဟာ..မရသေးဘူး host ရဲ့ တတိယကမ္ဘာအတွက် စည်းမျဥ်းအသစ်တွေရှိသေးတယ်''

"ကျစ်! ဟိုမှာငါ့လင်စောင့်နေရတာကြာနေလိမ့်မယ် မြန်မြန်ပြော ရှုပ်ကိုရှုပ်တယ်''

အအော်ခံလိုက်ရတ့ဲ bunny လေးက ခံရပါများတော့ ရိုးအီနေပြီဆိုတဲ့မျက်နှာထားနဲ့ အေးဆေးပဲ။ ပြောပြီးရင်လည်း ထပ်အအော်ခံရဦးမှာ..။

"အခုသွားမယ့် ကမ္ဘာအတွက် စည်းမျဥ်းတစ်ခုရှိတယ်..အဲ့ဒါက host ချစ်သူကို မျက်နှာကြည့်ရုံနဲ့မမှတ်မိတော့ဘူး''

"မျက်နှာမကြည့်လို့ ငါကဖင်လှန်ကြည့်ရမှာလား''

သူ့ host ရဲ့စကားကြောင့် bunny လေး အောက်မေးပြုတ်ကျသွားတယ်။ ဒီ host တော်တော်ရိုင်းလာတာပဲ။

"Host ကြည့်ချင်တာတွေပြောမနေနဲ့..host ချစ်သူရဲ့ရုပ်ရည်ကို ကြည့်တာနဲ့မသိနိုင်ပေမယ့် နမ်းကြည့်ရင်သိလိမ့်မယ်''

"ငါနမ်းလိုက်တဲ့လူက ရိပေါ် ဟုတ်မနေရင် ဘယ်လိုလုပ်မလဲ''

Bunny လေးက ရှောင်းကျန့်ကိုကြည့်ပြီး စိတ်မရှည်ချင်တော့ဘူး။

"Host ရင်ခုန်တဲ့လူကိုနမ်းကြည့်ပေါ့ဗျာ..host ချစ်သူကလွဲရင် host ရင်ခုန်မှာမဟုတ်ဘူး''

"ပြီးတာပဲ..အ့ဆို နောက်ကမ္ဘာကိုပို့တော့''

''Point တွေတွက်ပေးပါ့မယ်..ဒီကမ္ဘာက mission 2 ခုနဲ့ hide mission တစ်ခု အောင်မြင်တဲ့အတွက် point 3000 ရပါတယ်..အရင်က point 2500 နဲ့ပေါင်းလိုက်ရင် လောလောဆယ် host မှာ point 5500 ရှိပါတယ်..ပြီးတော့ ပညာတစ်ခုသင်ရပါမယ်..အချက်အပြုတ်၊ အတိုင်အခိုက်၊ Teaching ထဲက တစ်ခုရွေးပါ host''

ပညာသုံးခုကိုကြည့်ပြီး ရှောင်းကျန့်ခဏစဥ်းစားလို်က်တယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now