real life 1

6K 409 31
                                    

❤️ Unicode

ရှောင်းကျန့် ပုံရိပ်ယောင်ကမ္ဘာမှာ လွမ်းအဖြစ် အသက် ၈၀ အထိနေခဲ့ပြီးနောက် ရှိုင်းနဲ့အတူ ပြန်လည်ထွက်ခွာလာခဲ့သည်။ system space ထဲရောက်တော့ bunny က ခုန်ပေါက်ကာဆီးကြို၏။

"စမ်းသက်ချက်အားလုံးကို ကျော်လွှားနိုင်ခဲ့လို့ ဂုဏ်ယူပါတယ် host ရေ၊ အခု ကမ္ဘာအစစ်ကို ပြန်ရတော့မှာဖြစ်ပါတယ်"

"ဟင် ပြီးပြီလား ငါလည်းဘာမှမသိရဘူး"

"Surprise!!!"

ခုန်ဆွဆွလုပ်နေတဲ့ bunny ကို ရှောင်းကျန့် နားရွက်ကနေလှမ်းဖမ်းကာ အနားကို‌ဆွဲယူလိုက်သည်။

"Bunny မင်းပြောကြည့် ကမ္ဘာအစစ်မှာ ရိပေါ်က ဘယ်လိုပုံစံမျိုးဖြစ်နေမလဲ"

"အဲ့ဒါက host အသိဆုံးဖြစ်မှာပေါ့ လွှတ်တော့ သူများကို အားကြီးနဲ့ ဟွန့်"

"အမယ် bunny မင်းအသံက B ထိုင်ထားရတဲ့အသံနဲ့"

"ငလူး host..host ပဲ B ထိုင်တာ host တို့တစ်မျိုးလုံးပဲ B ထိုင် လိ!"

"ဟားဟား!..ပြောပါဦး ကမ္ဘာအစစ်ကို ငါဘယ်လိုပြန်ရမှာလဲ"

"ကမ္ဘာအစစ်ကိုပြန်ဖို့ host ရဲ့ဝိဉာည်စွမ်းအားနဲ့ မှတ်ဉာဏ်တွေကို စုစည်းပြီး မူလခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်မှာပါ၊ နည်းနည်းတော့နာမယ် host စတော့မလား"

"စတော့"

"ကမ္ဘာအစစ်ကို ပြန်လည်ပို့ဆောင်နေပါပြီ 5...4...3...2...1...0!"

Bunny ရဲ့စကားဆုံးတာနဲ့ ရှောင်းကျန့်ကို အဖြူရောင်အလင်းတန်းတစ်ခုက နေရာတစ်ခုဆီကို သယ်ဆောင်သွားတော့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်.......

ကမ္ဘာကြီးကို နတ်ဘုရားများအုပ်စိုးစဉ်အခါကဖြစ်သည်။

ကောင်းကင်မင်းကြီး ရှောင်ရှင်းထျန်းနှင့် သူ့ရဲ့မိဘုရား စုဝမ်ဖေးတို့က ကောင်းကင်ကမ္ဘာကြီးကိုအုပ်ချုပ်ခဲ့သည်။ ကောင်းကင်မင်းကြီးမှာ သားတော်လေးနှစ်ပါးရှိသည်။ တစ်ပါးကတော့ ရှောင်းကျန့်ပင်။

ရှောင်းကျန့်က မွေးကတည်းက အရမ်းဆိုးတဲ့ကောင်လေးဖြစ်သည်။ ကောင်းကင်နန်းတော်မှာ ရှောင်းကျန့်ကိုတွေ့တာနဲ့ ထွက်မပြေးတဲ့သူမရှိသလောက်ပင်။ ဘာကြောင့်ဆို တွေ့တဲ့သူ ဂုတ်ခွစီးပြီး မြင်းလိုပြေးခိုင်းတာကြောင့်ပင်။ ကောင်းကင်မင်းကြီးရဲ့သားတော်လည်းဖြစ် စွမ်းအားကလည်း ‌မွေးကတည်းက ကြီးလွန်းတာမို့ အခြားနတ်ဘုရားများကလည်း မလွန်ဆန်ရဲပေ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now