❤Unicode
"ဒုန်း!''
"ပန်စူးလျဲ့! မင်းအခုချိန်ထိမထသေးဘဲ သေမနေနဲ့ မင်းဘာစောက်ချိုးချိုးတာလဲ ဟမ်! ဟေ့ကောင် ထလို့!''
"ဒုန်း!''
"ကျစ်! လူကမွေးပြီး ခွေးထွန်းတဲ့ဟာတွေ လူအိပ်ချိန်ကို မနှောင့်ယှက်ရဘူးဆိုတာ နားမလည်ဘူးလား''
မိုးတောင်မလင်းသေးဘူး သူ့အခန်းတံခါးကို တဒုန်းဒုန်းလာလုပ်နေတဲ့ အပြင်ကလူကို ရှောင်းကျန့် ဒေါသထွက်သွားသည်။ရှောင်းကျန့်ဆိုတာ အိပ်နေစားနေတဲ့အချိန် နှောင့်ယှက်တာကို သေအောင်မုန်းတဲ့သူဖြစ်သည်။
ကုတင်ခြေရင်းကတန်းပေါ်မှာ တင်ထားတဲ့ အပေါ်ရုံကို လွှားလိုက်ပြီး သူ့အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
"ခွပ်!''
"အာ့!''
တံခါးဆွဲဖွင့်ဖွင့်ချင်း ပူခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ နဖူးထောင့်ကနေ သွေးတွေစီးကျလာသည်။ ကြမ်းပြင်ပေါ်ကို ကြည့်လိုက်တော့ ခပ်ချွန်ချွန်အုတ်ခဲကျိုးတစ်ခုကို တွေ့လိုက်ရသည်။ ကြည့်ရတာ တံခါးကို အုတ်ခဲကျိူးတွေနဲ့ ပစ်ပေါက်နေပုံပင်။
အိပ်ရေးပျက်လို့ စိတ်တိုနေတဲ့ ရှောင်းကျန့်က အသားပါနာသွားတာကြောင့် သူ့ရှေ့ကလူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"မင်း..မင်းဘာသာတံခါးဆွဲဖွင့်လို့ ထိသွားတာ ငါနဲ့မဆိုင်ဘူး မင်းကို ကျင့်လှိုင်ကောက လာခေါ်ခိုင်းလို့ လာခေါ်တာ ငါသွားပြီ''
သူ့ရဲ့အကြည့်တွေကို ကြောက်သွားဟန်ဖြင့် ထွက်ပြေးဖို့ကြိုးစားနေတဲ့ လူကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် လေလိုအလျင်နဲ့ ထိုကောင်လေးနားကို ရောက်သွားပြီး ဆံပင်ကနေေဆာင့်ဆွဲပစ်လိုက်သည်။
"အားးး ပန်စူးလျဲ့! ငါ့ကိုလွှတ်စမ်း ကျင့်လှိုင်ကောသိရင် မင်းကိုအလွတ်ပေးမယ်ထင်နေလား''
"ဟုတ်လား အဲ့ဒီကျင့်လှိုင်က ငါ့ကိုဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပေါ့''
"ဖြန်း!''
"ပန်စူးလျဲ့ မင်း!''
"ဖြန်း! ဖြန်း!''
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?