arc 3.9 ရှီယွဲ့လျန်

10.9K 1K 42
                                    

❤Unicode

ရှောင်းတစ်ယောက် အကြီးအကျယ်စိတ်ပျက်နေသည်။ ဇာတ်လိုက်မကိုပညာပေးဖို့အတွက် plan တွေသေသေချာချာချပြီးခါမှ နွေရာသီကျောင်းပိတ်ရက်ဆိုတာကြီးက ရောက်လာတာကြောင့် သူလုံးဝမကျေနပ်ပေ..။

အဆိုးထဲကအကောင်းကတော့ သူဇာတ်လိုက်နဲ့တွေ့စရာမလိုတော့သလို အခုဆို ရိရန်ကလည်း အထက်တန်းပြီးသွားပြီဖြစ်သည်။ သူကလည်း အိမ်မှာအိပ်လိုက်၊ ရိရန်ချက်ကျွေးတာတွေစားလိုက်နဲ့ တဖြည်းဖြည်းနဲ့ လူစင်စစ်ကနေ ဝက်ဘဝကိုကူးပြောင်းတော့မလားတောင်ထင်နေရသည်။

"ယွဲ့ယွဲ့ရေ!''

သူ့ကိုခေါ်ပြီး အခန်းထဲဝင်လာတဲ့ရိရန်ကို ရှောင်းကျန့် ဘာဂါစားနေရင်းကနေ မျက်လုံးလှန်ကြည့်လိုက်သည်။ စပ်ဖြဲဖြဲဖြစ်နေတဲ့ရိရန်က မှိုရလာတဲ့မျက်နှာမျိုးနဲ့...။ နောက်မှ အခန်းထဲက သူဖွထားတာတွေမြင်ပြီး ရိရန်က ခပ်ဟဟရယ်သည်။

"ယွဲ့ယွဲ့လည်း တဖြည်းဖြည်းနဲ့ ခင်သန္ဒာသက်ချိုပြုံးဖြစ်တော့မယ်..ကြည့်ဦး..ပါးကြီးတွေကိုဖောင်းနေတာပဲ''

ရိရန်က သူဖွထားတာတွေရှင်းပေးနေရင်းကနေ သူ့ရဲ့ပါးကိုလာဆွဲပြီးပြောသည်။ ရှောင်းကျန့်စိတ်ထဲ ဘဝင်မကျဖြစ်သွားတာကြောင့် သူ့ရဲ့မျက်ခုံးတွေက အလိုလိုတွန်းချိုးသွားသည်။

"ခင်သန္ဒာသက်ချိုပြုံးကဘယ်သူလဲ''

ရှောင်းကျန့်က မဲမှောင်နေတဲ့မျက်နှာနဲ့မေးလိုက်တော့ အမှိုက်သိမ်းလို့ပြီးသွားတဲ့ရိရန်က သူ့ဘေးနားကိုလာထိုင်သည်။ ပြီးတော့ အနည်းငယ်ထွက်ချင်နေတဲ့ သူ့ရဲ့ဗိုက်ခေါက်လေးကိုပွတ်ရင်း ပြုံးစိစိနဲ့သူ့ကိုကြည့်သည်။

"ခင်သန္ဒာသက်ချိုပြုံးဆိုတာ..ဆင်ခန္ဓာဝက်ကိုယ်လုံးကိုပြောတာဗျ..ဟားဟား''

"ဘာ! ကျိုးရိရန် မင်းအဲ့မှာရပ်နေစမ်း''

"ရပ်စရာလား ခင်သန္ဒာသက်ချိုပြုံးလေးရဲ့..ဟားဟား''

ရှောင်းကျန့်က သူ့ရဲ့ဗိုက်ခေါက်လေးကို မနာအောင်ဆွဲလိမ်ပြီး ထပြေးတဲ့ရိရန်နောက်ကို TV remove ကြီးကိုင်လို့ လိုက်ရိုက်သည်။ ၁၇ နှစ်သာရှိသေးတယ်ဆိုပေမယ့် သူ့ထက် ခန္ဓာကိုယ်ရောအရပ်ပါ ထွားကျိုင်းလွန်းတဲ့ရိပေါ်ကို ရှောင်း​ကျန့်မှာလိုက်မမှီပေ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now