arc 10.6 လွမ်းတစေမောင်

4.4K 440 19
                                    

❤Unicode

'host! host! ကျစ်! ဒီ host တစ်ယောက်နဲ့တော့ host!!!!!'

'ကျစ်! ဘာလဲကွာ'

'ကျွန်တော် ၂ ရက်လောက် host နဲ့အတူရှိနေနိုင်မှာ မဟုတ်ဘူးလို့ အဲ့ဒါလာပြောတာ'

'မင်းကဘယ်သွားမှာမလို့လဲ'

'အရေးပေါ် အစည်းအဝေးရှိလို့'

'သွားသွား ပြန်မလာနဲ့'

'Host အစုတ်ပလုတ် ဒီကသူ့ကိုအသိပေးတဲ့ဟာကို သွားမယ် ဟွန့်!'

Bunny တစ်ယောက် ဖင်ခါပြီးထွက်သွားတာကိုကြည့်လိုက်ပြီး ရှောင်းကျန့်အနောက်ကနေ ပြေးကန်ပစ်လိုက်ချင်သည်။

"သွားပေါ့ ဘယ်သူကလွမ်းနေမှာမလို့လဲ ဟမ့်!"

ရှောင်းကျန့်လည်း ပျင်းလာတာကြောင့် ရှိင်းဆီကို ထွက်လာခဲ့လိုက်သည်။
.......

တစ်ဖက်မှာတော့ ဥက္ကာလျှမ်းထက်တစ်ယောက် အကြီးအကျယ် ဒေါသထွက်နေလေသည်။

"တောက်! ခေတ္တရာရှိုင်း အရမ်းတွေသွက်နေတယ်ပေါ့လေဟုတ်လား၊ ငါ့ကိုလာစချင်နေတယ်"

ရှုိင်းရဲ့ A ခရိုင်က စက်ရုံခွဲတစ်ခုကို မီးရှို့လိုက်ရာမှ သူ့ရဲ့မူးယစ်ဆေးဝါးတရားမဝင်တင်သွင်းတဲ့သက်သေတွေ ရဲလက်ထဲရောက်သွားတာကြောင့် ဥက္ကာတစ်ယောက် အချီကြီးရှုံးသွားရသည်။

"Boss ကျွန်တော်တို့ ခေတ္တရာရှိုင်းနဲ့ပတ်သက်တဲ့ သတင်းတစ်ခုရထားပါတယ်"

"ပြော"

"ခေတ္တရာရှိုင်းက အခုကောင်လေးတစ်ယောက်နဲ့စေ့စပ်ထားပါတယ်၊ အဲ့ကောင်လေးကို သူကတော်တော်ချစ်ပုံပဲ၊ ကျွန်‌ေတာ်အထင် အဲ့ကောင်လေးနဲ့ စသင့်တယ်လို့ထင်ပါတယ်"

"မင်းသတင်းက သေချာလား"

"သေချာပါတယ် boss"

ညိုမောင်ရဲ့စကားကိုကြားတော့ ဥက္ကာတစ်ယောက် ကျေနပ်စွာပြုံးလိုက်မိသည်။

"ကောင်းပြီလေ ဟက်! မင်းတို့ကောင်းသလိုစီစဉ်လိုက်"

"ဟုတ်ကဲ့ပါ boss"

ညိုမောင်ထွက်သွားတာနဲ့ ဥက္ကာ အားရအောင်အော်ရယ်လုိက်သည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now