❤Unicode
"အရက်မသောက်ရဘူးတဲ့ ချစ်သူကပြောတယ်....ဆေးလိပ်မသောက်ရဘူးတဲ့ ချစ်သူကပြောတယ်...''
ရှောင်းကျန့်တစ်ယောက် အများသုံးရေချိုးဆောင်ထဲမှာ ရေချိုးနေရင်း ဖင်လေးလှုပ်ကာ သီချင်းဆိုနေ၏။ ကိုယ်ပိုင်ရေချိုးခန်းက ခေါင်းဆောင်ဆီမှာပဲရှိတာကြောင့် ဒုခေါင်းဆောင်အပါအဝင် စခန်းမှာရှိတဲ့လူေတွကုန်လုံးက အများသုံးရေချိုးဆောင်မှာသာ ရေချိုးကြရသည်။
'host ဒီရောက်တာတစ်ပတ်ပြည့်ပြီနော် ခုထိဘာ mission မှလည်းမလုပ်သေးဘူး'
'Bunny သာယာနေတဲ့ငါ့ဘဝလေးကို မင်းမဖျက်ဆီးစမ်းပါနဲ့၊ ရိပေါ်ဆီရောက်နေတဲ့ ငါ့ရဲ့စိတ်တွေကို mission မလုပ်ဘဲငါထိန်းထားရတာ ဒါကို မင်းက ဒဏ်ရာဟောင်းကိုလာဆွနေတယ်'
'မဆိုင်ရေးချာမဆိုင်နော် host၊ host လင်ကိုရှာမတွေ့တာနဲ့ mission မလုပ်ရရိုးလား၊ အဲ့လိုမရဘူးနော်'
Mission အတင်းလုပ်ခိုင်းနေတဲ့ bunny ကို ရှောင်းကျန့် မျက်စောင်းထိုးလိုက်သည်။ သူလည်း mission မလုပ်ချင်လို့မလုပ်တာမှမဟုတ်တာ။ အချိန်ကောင်းကိုစောင့်နေတဲ့ ဟာကို။
သူဆွထားပေမယ့် ဇာတ်လိုက်တို့က အခုထိ မလှုပ်ရှားသေးတာကြောင့် ရှောင်းကျန့် စောင့်ကြည့်နေတာဖြစ်၏။ ပြီးတော့ ေဇးကလည်း သူ့ချစ်သူ ဟုတ်တာလားမဟုတ်တာလား သေချာမသိပေ။
သူ့ရဲ့ငါးခုမြောက်ကမ္ဘာတုန်းက သူ့ချစ်သူကြောင်ငမဲလေးက အရမ်းရွခဲ့တာကြောင့် ဒီကမ္ဘာက ပြောင်စပ်စပ်မျက်နှာပေးနဲ့ လူကိုအသည်းယားအောင်လုပ်တတ်လွန်းတဲ့ ေဇးကိုတော့ ရိပေါ်လို့သူထင်နေမိသည်။ အချောင်သက်သက်သွားပြီး ဆွဲနမ်းရအောင်လည်း တကယ်လို့ ရိပေါ်ဟုတ်မနေရင် စခန်းထဲက ကန်ထုတ်ခံရနိုင်ကိန်းရှိတာကြောင့် အသာလေးငြိမ်နေရပြန်သည်။
ရှောင်းကျန့် ခေါင်းအသာခါရင်း ရေချိုးခြင်းကိုလက်စသပ်လို့ အနောက်ကိုပြန်လှည့်လိုက်သည်။
"အားးးးး!''
သူအနောက်လှည့်လှည့်ချင်း မြင်လိုက်ရတဲ့ ေဇးရဲ့မျက်နှာကြောင့် ရှောင်းကျန့် လန့်ကာအော်မိသွားသည်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?