❤Unicode
"ရှောင်းကျန့်! ငါလုံးဝခွင့်ပြုမပေးနိုင်ဘူး!''
"ကျုပ်ကလည်း ခင်ဗျားဆီက ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး၊ ကျုပ်ရဲ့လုပ်ငန်းတွေမှာ ဝင်မရှုပ်ဖို့ အသိပေးနေတာ''
ပတ္တမြားရောင် တဖိတ်ဖိတ်တောက်နေတဲ့ ခန်းမကြီးထဲမှာရှိနေတဲ့ တစ်ခုတည်းသောပုလ္လင်ကြီးပေါ်မှာ ကြီးမြတ်တဲ့အရှိန်အဝါတွေနဲ့ လူတစ်ယောက်ထိုင်သည်။ ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီရဲေနတဲ့ထိုလူက ခန်းမရဲ့အလယ်တည့်တည့်မှာရပ်နေတဲ့ လူငယ်လေးကိုလည်း စူးရဲစွာစိုက်ကြည့်နေသေးသည်။
အယောက်တစ်ရာမကတဲ့လူတွေက ခန်းမရဲ့တစ်ဖက်တစ်ချက်စီမှာ ရပ်ကာကြည့်နေကြပေမယ့် လူငယ်လေးကတော့ ဘာတစ်ခုကိုမှဂရုမစိုက်ဟန် မျက်နှာကိုတည်တင်းထား၏။
"ငါက မင်းရဲ့ခမည်းတော်ဆိုတာကိုရော မင်းသတိရသေးရဲ့လား!''
"ဒါက ခင်ဗျားဘက်က တစ်ဖက်သတ် သတ်မှတ်ထားတဲ့ သွေးသားတော်စပ်မှုပဲ၊ ကျုပ်ရဲ့ဘဝမှာ ကျုပ်ခမည်းတော်က လွန်ခဲ့နဲ့နှစ်ပေါင်း ၄၀၀ ကတည်းက သေဆုံးသွားခဲ့ပြီ''
"မင်းတို့ကယောက်ျားလေးတွေချည်းပဲ မဖြစ်နိုင်ဘူးဆိုတာ မင်းမသိဘူးလား''
"ကျုပ်ပြောပြီးပြီ ကျုပ်သာလုပ်ချင်ရင် ဘယ်သူကတားရဲမှာလဲ၊ ထပ်ပြောမယ် ခင်ဗျားဆီက ကျုပ်ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး၊ အသိပေးနေတာ၊ ကျုပ်က ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်ဘူးဆိုတာ ခင်ဗျားအသိဆုံးပါ ဟုတ်တယ်မလား ဟက်!''
တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲမှာ လူငယ်လေးရဲ့အသံက အေးစက်စွာထွက်ပေါ်လို့နေသည်။ ထိုလူငယ်ရဲ့စကားအဆုံးမှာ ပုလ္လင်ပေါ်ကလူက အသက်ကိုပြင်းပြင်းရှူကာ သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်၏။ သူပြောလို့မရတော့တာကိုိသိတဲ့အတွက် စိတ်လျှော့လိုက်တဲ့ပုံပင်။
"ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိပါစေရှောင်းကျန့်၊ မင်းရဲ့လူကို ခေါ်လိုက်''
ထိုလူရဲ့စကားဆုံးတာနဲ့ လူငယ်လေးရဲ့ညာဘက်ြခမ်းမှာ အနက်ရောင်အငွေ့လုံးကြီးပေါ်လာပြီး နက်နေဆွေးနေတဲ့ဝတ်ရုံကို ဆင်မြန်းထားတဲ့ ခန့်ညားတဲ့အမျိုးသားတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုအချင်းအရာကိုတွေ့တာနဲ့ ခန်းမကြီးထဲမှာရှိနေတဲ့ လူတွေအားလုံး တုန်လှုပ်သွားကြရသည်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?