arc 10.5 လွမ်းတစေမောင်

5.4K 501 30
                                    

❤Unicode

ရှောင်းကျန့်တစ်ယောက် ရှိုင်းကို အကြီးအကျယ်ဒေါသထွက်နေသည်။ ဘာကြောင့်လဲဆိုရင် ဇာတ်လိုက်မ ပြင်ပကမ္ဘာဆီ ပြန်ရောက်လာတာကို မသိလိုက်လို့ပင်။

သူတို့ ကုတင်ပေါ်ရောက်နေတဲ့အချိန်မှာ ဇာတ်လိုက်မက mission ပြီးသွားတာဖြစ်သည်။

ရှိုင်းတစ်ယောက်ကတော့ သူ့အချစ်က သူ့ကိုဘာကြောင့်စိတ်ဆိုးလို့ဆိုးသွားမှန်းမသိပေ။ သူညကကြမ်းမိသွားလို့ စိတ်ဆိုးသွားတယ်လို့သာ ထင်နေပေသည်။

'bunny မင်းပြောစမ်း ဇာတ်လိုက်မဘာဖြစ်သွားလဲ'

'ဘာမှမဖြစ်သွားပါဘူး host သူမြှူဆွယ်လိုက်တဲ့လူက အကောင်ကြီးကြီးထဲကမို့ ရေနဂါးကို သူ့အတွက် မသေမရှင်လုပ်ပေးလိုက်လို့ပါ'

'တောက်! အဲ့ဒါဟိုနှာဘူးကြောင့် ငါ့ရဲ့ပျော်စရာအစီအစဥ်လေးပျက်စီးသွားတာ'

'စိတ်လျှော့ပါ host ရယ် host လူကြီးက ဘာမှသိရှာတာမဟုတ်ဘူးလေ နော်'

'ကျစ်! မသိဘူးကွာ စိတ်တိုတာပဲသိတယ်'

ရှောင်းကျန့်တစ်ယောက် မျက်နှာတစ်ခုလုံး မှုန်ကုပ်နေလေသည်။ ရှိုင်းကတော့ သူ့အချစ်ရဲ့အခြေအနေကိုကြည့်ပြီး မျက်နှာငယ်လေးဖြစ်နေရှာသည်။ သူ့အချစ်ရဲ့အခြေအနေက အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ မီးတောင်ကြီးလို ဖြစ်နေသည်လေ။

''ကျစ်! ရှိုင်း!''

''ဗျာ အချစ်''

''ခင်ဗျားအဲ့မှာဘာလုပ်နေတာလဲ ကျွန်တော့်နားလာနေတော့ ခင်ဗျားကိုရိုက်သတ်မှာစိုးလို့လား!''

'သူပဲသတ်တော့မလိုကြည့်နေပြီးတော့'

ရှိုင်းတစ်ယောက် စိတ်ထဲကနေသာ ကြိတ်ငိုလိုက်ပြီး အမြန်ဆုံးနီးနဲ့ ပန်းကန်လုံးစီးကာ တစေအနားကိုသွားလိုက်သည်။

''ကိုယ့်အချစ်ညောင်းနေပြီလား ကိုယ်နှိပ်ပေးမယ်နော် ဟဲဟဲ''

''မဖားနဲ့ ပုံမှန်အတိုင်းဆက်ဆံ''

''အချစ်ကလည်း...''

နှုတ်ခမ်းဆူချင်နေတဲ့ရှိုင်းကို ရှောင်းကျန့်ခပ်စူးစူးစိုက်ကြည့်ပေးလိုက်သည်။ ထိုတော့မှ မျက်နှာငယ်လေးနဲ့ သူ့တစ်ကိုယ်လုံးကို သိမ်းဖက်ကာ ပုခုံးပေါ်မေးတင်ပြီး မျက်လုံးလေးလှန်ကြည့်လာသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now