arc 9.2 ပန်စူးလျဲ့

6.3K 642 37
                                    

စာလုံးပေါင်းမစစ်ထားလို့ အမှားပါရင် နားလည်ပေးပါနော်

❤Unicode

ရှောင်းကျန့်တစ်ယောက် အိပ်ယာကနိုးလာတော့ ညနေပင်စောင်းနေပြီဖြစ်သည်။ အိပ်ယာကနေထထိုင်ကာ အပျင်းကြောဆန့်လိုက်ပြီး မျက်နှာသစ်ဖို့အတွက် မြစ်ကမ်းစပ်ကိုထွက်လာလိုက်သည်။

"ဟေး စူးလျဲ့လေး ဘယ်သွားမလို့လဲ ကိုကြီးတို့လိုက်ပို့ပေးမယ်လေ''

ရှောင်းကျန့် သူ့ရှေ့မှာလာပိတ်ရပ်တဲ့ လူသုံးယောက်ကြောင့် အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

'Bunny အဲ့​ဒါဘယ်သူတွေလဲ'

'ပိုင်အိမ်​ေတာ်ကသခင်လေးနဲ့ သူ့ရဲ့နောက်လိုက်တွေပါ host၊ သူတို့က အရင်ပန်စူးလျဲ့ကို အသားပဲစားရစားရ အငွေ့ပဲရှူရရှူရ ေတာ်တော်ဖြစ်နေကြတဲ့လူတွေပါ'

ရှောင်းကျန့် သူ့ရှေ့ကလူတွေကိုကြည့်ကာ စိတ်ထဲကနေ လူယုတ်မာမဆန်တဆန်လေး ပြုံးလိုက်သည်။ ပြီးတာနဲ ဉာဏ်ရောင်စုံကို သူ့ရဲ့ဦးနှောက်ထဲ ကွန့်မြူးစေကာ မာယာအနည်းငယ်ကို ထုတ်သုံးလိုက်သည်။

"အာ့! နာလိုက်တာ ခြေထောက်ကိုဘာကောင်ကိုက်သွားလဲမသိဘူး ဟင့် ကိုကြီး လျဲ့အာကို ကူညီပါလားဟင်''

'အော့ အော့ ​host မယားငယ်တုံးပိတဲ့အသံနဲ့'

'တိတ်စမ်း bunny မင်းကြည့်နေ ငါ့ရဲ့ခြေဖဝါးအောက်ကို အဲ့လူတွေရောက်လာစေရမယ်'

မျက်ရည်တွေဝေ့သီကာ ငိုမဲ့မဲ့ကလေးဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး ထိုသုံးယောက်မှာ ကြောင်အ,ကာကြည့်နေကြသည်။ ရှောင်းကျန့်က မြေကြီးပေါ်မှာ ခွေခွေလေးထိုင်နေရာကနေ ပေါင်ကိုဆွဲဆိတ်လိုက်သည်။

"အာ့! ကိုကြီး လျဲ့အာကိုမကူညီချင်ဘူးလားဟင်"

"ကူညီမှာပေါ့ ကူညီမှာ လာလာ ကိုကြီးချီမယ်''

ထိုလူက ချက်ချင်းပဲ ရှောင်းကျန့်ကိုပွေ့ချီလိုက်သည်။ သူ့ရဲ့မျက်နှာမှာလည်း အလှလေးကို ပွေ့ထားရတာကြောင့် မော်ကြွားနေလေသည်။ ရှောင်းကျန့်ကတော့ သူ့တစ်ကိုယ်လုံးကို ရေအထပ်ထပ်ချိုးဖို့သာ တွေးနေလိုက်သည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Où les histoires vivent. Découvrez maintenant