arc 5.8 လျိုရှစ်ယင်း

8.8K 930 79
                                    

❤Unicode

"ချွင်! ချလွမ်! ချွင်! ချလွမ်!''

"အွတ်! အွတ်! အွန်းးးးး! အွန်းးးး! ဟိဟိ!''     (ဝက်အော်သံ 🤪)

ဝက်မိစ္စာနဲ့ သူ့ချစ်သူနဲ့တိုက်နေတာကိုကြည့်ပြီး ရှောင်းကျန့် ဝက်သံမျိုးစုံလုပ်ကာ ဘေးကနေ ထိုင်ခွီးနေမိသည်။

မင်းတို့မသိလို့နော် လူချောလေးကိုယ့်ချစ်သူနဲ့ ဝက်နှာခေါင်း၊ ဝက်နားရွက်တွေနဲ့ ရုပ်ဆိုးဝက်မကြီးနဲ့တိုက်ခိုက်နေတဲ့မြင်ကွင်းက ဘယ်လောင်ရယ်စရာကောင်းလိုက်သလဲဆိုတာ..ဟက်ဟက်!။

ရှဲ့ရှဲ့က ရပ်နေတဲ့နေရာကနေ တစ်လှမ်းမှမရွေ့သေးပေမယ့် ထိုဝက်မိစ္စာကတော့ အသေအကျေကိုတိုက်ခိုက်နေရသည်။

ဝက်မိစ္စာခင်ဗျာ ဘေးကနေ အသံပေါင်းစုံထွက်ပြီး ​လှောင်နေတဲ့သောက်ကလေးကိုလည်း သူ့ရဲ့ထွန်ခြစ်နဲ့ပြေးခုတ်ချင်ပေမယ့် သူ့လင်ကို အထိမခံတဲ့ကိုယ်တော်ချောကို တိုက်နေရတာကြောင့် မအားပြန်ဘူး။

တစ်ဖြည်းဖြည်းနဲ့ စိတ်တိုလာပြီဖြစ်တဲ့ ဝက်မိစ္စာက သူ့ရဲ့ရှိသမျှစွမ်းအားတွေအကုန်ထုတ်ပြီး တိုက်ရတော့သည်။

အနည်းငယ်ပြင်းလာတယ်လို့ထင်ရတဲ့စွမ်းအားတွေကြောင့် ရှဲ့ရှဲ့ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရသည်။

"ဝေ့! ဝက်မကြီး မင်းရုပ်ကြီးပိုဆိုးသွားပြီ''

"မင်း! မင်းကိုငါသတ်မယ် အားးး''

ရှောင်းကျန့်ရဲ့စကားကြောင့် အလွန့်အလွန်ဒေါသထွက်သွားတဲ့ဝက်မိစ္စာက ရှဲ့ရှဲ့ဆီကိုပစ်မယ့်စွမ်းအားတွေကို ရှောင်းကျန့်ဆီဦးတည်လိုက်တော့သည်။

"အွင်းးးး! အွင်းးး! အွင်းးး!''

"မင်းကငါ့ရဲ့အချစ်ကို ထိချင်တယ်ပေါ့ဟုတ်လား ဆုတောင်း ဟက်!''

ရှဲ့ရှဲ့ သူ့အချစ်ဆီကို ပစ်လွှတ်လိုက်တဲ့ ဝက်မိစ္စာရဲ့စွမ်းအားတွေကို သူ့ရဲ့လက်နက်နဲ့ဖြတ်ထုတ်လိုက်ပြီး မိစ္စာကျော့ကွင်းနဲ့ ပစ်ဖမ်းလိုက်တော့သည်။

ဝက်ခေါင်းနဲ့လူခန္ဓာဖြစ်နေတဲ့ ထိုဝက်မိစ္စာက တကယ်ဘာနဲ့မှနှိုင်းလို့မရအောင်ကို ရုပ်ဆိုးအကျည်းတန်လွန်းသည်။ ရှဲ့ရှဲ့ရဲ့ အချစ်ယင်းယင်းနဲ့များ ကွာပါ့..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now