Chapter_28🌻

3.9K 285 1
                                    

Unicode.......

"Oh..!မင်းအရမ်းနာနေမှာပဲ..အရာ"

ပုခုံးက ဒဏ်ရာကို ချူပ်ခံနေရတာက အရာဖြစ်ပြီး ဘေးနားက မိုနိုက အံတွေကြိတ်နေသည်။
အရာရဲ့ တစ်ဦးတည်းသော သူငယ်ချင်း မိုနိုက ဘေးနားကို ချက်ချင်းရောက်လာပြီး အားပေးမလားမှတ်တယ်။
မျက်စိမှိတ် အံကြိတ်ကာ အော်နိုင်သည်။
သူ့ပုံစံကို ကြည့်ပြီး အရာ စိတ်သက်သာရာ ရလာပြီး ရယ်ချင်စိတ်ပင်ဖြစ်မိသည်။

"မိုနို..!! မင်းကြည့်ပြီး ငါတောင်စိတ်လေတယ်ကွာ။
အချူပ်ခံနေရတဲ့ ငါတောင် အသံမထွက်ဘူး...အ...ဒေါက်တာ..!!"

မိုနိုကို ပြန်ပက်မလို လုပ်ပြီးမှ အပ်ရဲ့ထိုးချက်က စူးလာသည်။

"ဟဟဟား...အရမ်းသန်မာချင်ယောင်ဆောင်မနေနဲ့..အရာ"

မိုနိုက ပြန်ပြောတော့

"ငါအစက အသံတောင်မထွက်ဘူးလေ..အခုတစ်ချက်မှ နာတာ"

"ကဲ..ပြီးပါပြီ"

ဒေါက်တာက ပြီးပြီဆိုမှ အားလုံး စိတ်သက်သာရာရသွားသည်။ ငါးချက်လောက် ချူပ်ပြီးတော့ စပ်နေတဲ့ ဒဏ်ရာကို ဒေါက်တာက ပက်တီးလိပ်ဖြင့်အုပ်ပေးသည်။

"အနာမကျက်သေးခင် ရေနဲ့မထိနဲ့နော်။
ရေချိူးရင်လဲ အဲ့တစ်ဝိုက်ကို ရေဘက်လေးနဲ့ပဲသုတ်ပေး။
ဒဏ်ရာကိုတော့ ပိုးမဝင်အောင်ဂရုစိုက်ရမယ်။
ဒေါက်တာ လိမ်းဆေးရော သောက်ဆေးရော အားလုံးထည့်ပေးလိုက်ပြီနော်။
နောက်သုံးရက်လောက်နေမှ ပြန်လာပြ။"

"ဟုတ်ကဲ့ ..ကျေးဇူးပါ ဒေါက်တာ"

အသက်က ဒေါက်တာကို ကုန်ကျစရိတ်ရှင်းပေးသည်။
အသက်နဲ့ဒေါက်တာ ထွက်သွားတော့ မိုနိုက အရာ့ဘေးမှာ ကပ်ထိုင်လိုက်သည်။

"အရိုးမထိတာ ကံကောင်းသွားတယ်...မင်း။
မင်းအစ်မကြီးကလည်း ဘာစိတ်ပေါက်ပြီး ခုလို ဖြစ်အောင်လုပ်ရတာလဲဟာ။
ငါမင်းကို အရမ်းသနားလာပြီအရာ။
မင်းကတော့ ပေါင်မုန့်ကြားက ထောပတ်ဖြစ်လာပြီ။"

"မင်းကလဲဟာ...မမမြက စိတ်ဒဏ်ရာတွေနဲ့ ပြည့်နေလို့ပါဟာ။
အသက်လေးကိုလဲ အရမ်းချစ်ရှာတော့ ခဏ စိတ်လွတ်သွားတာပါ။
ငါပဲ ထိခိုက်သွားတာ တကယ်ကံကောင်းသွားတယ်။
မဟုတ်ရင် ဒီ့ထက်ရှုပ်ကုန်မှာ"

Preciously-"U" (Completed)Donde viven las historias. Descúbrelo ahora