Chapter-6🌻

4.9K 357 4
                                    

Unicode......

"အသက်....မထသေးဘူးလား?
အလုပ်သွားရမယ့်အချိန်တောင်ရှိနေပြီ"

မနက်၈နာရီခွဲထိတောင် အိပ်ယာမထသေးတဲ့ အသက်ကို အရာစိတ်ပူမိသည်။

"လေးလေးလား!"

အရာအသံကြားမှ အိပ်မှုံစုံမွားထလာတဲ့ အသက်မှာ ချွေးဇောတွေပျံနေသည်။

"အသက်..ဖျားနေတာလား?မှန်း.."

အသက်ရဲ့နဖူးလေးကို စမ်းကြည့်တော့ ခြစ်ခြစ်တောက်ပူတာတော့မဟုတ်ဘဲ နွေးတေးတေးဖြစ်နေသည်။

"အဖျားနည်းနည်းရှိနေတာပဲ။အလုပ်မသွားနဲ့တော့။နားလိုက်နော်။လေးလေး ဆန်ပြုတ်ပြုတ်လာပေးမယ်"

အခန်းထဲကထွက်မယ့် အရာ့လက်ကို အသက်လှမ်းဆွဲလိုက်ရင်း

"လေးလေးရာ...သမီးဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။
ကိုယ့်ကိုကိုယ် ယုံကြည်မှုလဲ မရှိတော့ဘူး။
တကယ်လို့ အသက်ရဲ့ ရုပ်အမှန်ကို ကိုရှိန်းသိသွားရင် ဘယ်လိုလုပ်မလဲဟင်"

အရာ အသက်ရဲ့လက်လေးကို ဆုပ်ကိုင်ပေးကာ

"သူသာ အသက်ကို တကယ်ချစ်တယ့်သူဆိုရင် အသက်ရဲ့အတိတ်ကိုဖြစ်စေ။ပစ္စုပ္ပန်ကိုဖြစ်စေ။
သူခွင့်လွတ်ပေးနိုင်မှာပဲ။လေးလေးကတော့ အသက်ကို မှန်ရာမှာပဲ ဖြစ်တည်စေချင်တယ်။
သူ့ကိုလဲ အမှန်တိုင်းဖွင့်ပြောပြီး အသက်ကိုဘဝသစ် လူသစ်နဲ့ပြန်စတင်စေချင်တယ်...ဟုတ်ပြီလား"

အသက်ရဲ့ပုခုံးလေးကို တစ်ချက်လောက်ပုတ်လိုက်ပြီး ဦးရာ အိပ်ခန်းထဲကနေ ထွက်သွားတယ်။

"အရာရာ အရမ်းနောက်ကျသွားပြီ....လေးလေးရာ။
နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူး"

********************************************

"မီးမီး မုန့်လေးတွေ အားပေးကြပါအုံးရှင့်....!!"

ကိတ်မုန့်လေးတွေ ဗန်းထဲထည့်ပြီး မုန့်လိုက်ရောင်းနေသော ကလေးလေးကို လမ်းထဲကလူတွေ အကုန်ရှောင်ပေးကြသည်။

"ကလေးငယ်ငယ်လေးက မုန့်လေးတွေ လိုက်ရောင်းနေတာပဲ။
တစ်ခုဘယ်လောက်လဲ"

"တစ်ခုကို သုံးရာ။နှစ်ခုဆို ငါးရာပါချင့်"

လက်လေးတွေ ထောင်ပြပြီး ဈေးနှုန်းပြောနေတဲ့ ချစ်စဖွယ်ပန်ကိတ်လေးကို ဈေးဝယ်သူတွေ နှစ်သက်ကြသည်။

Preciously-"U" (Completed)Where stories live. Discover now