Chapter-10🌻

5K 385 5
                                    

Unicode......

"ပန်ကိတ်လေးရေ...!!!"

"ပန်ကိတ်လေး....!!"

ပုစဉ်းကွဲအော်သံ တကျီကျီတွေဆူညံနေသည့်ကြားက ဦးရာရဲ့အသံကလည်း တောကြီးကိုဟိန်းသွားစေသည်။
ရှိန်းခကြိုးစားပြီး တစ်လှမ်းချင်းလျှောက်နေသော်လည်း
ခြေလှမ်းတွေက မြေနှင့်မထိတထိလောက်သာ။

"အဟွတ်..အဟွတ်.."

"မင်း...ရရဲ့လား"

ရှိန်းခ ခေါင်းကိုဖိကိုင်ကာ ထိုင်ချလိုက်တော့ ဦးရာစိုးရိမ်တကြီးမေးလာသည်။

"ကျနော်..အရမ်းမူးနေတယ်။ကျနော့ကြောင့် ပန်ကိတ်လေး ပျောက်ရတာမို့လို့ ကျနော်ပြန်ရှာပေးချင်တယ်"

ပြာနှမ်းနေတဲ့နှုတ်ခမ်းတစ်စုံက အသံခပ်လေးလေးနဲ့အတူ မျက်ဝန်းမှာလည်းဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေ သန်းနေတယ်။

"ရပါတယ်ကွာ...ငါမင်းကို အပြစ်မယူပါဘူး။ငါတို့အားလုံးဒီလိုဖြစ်ချင်ခဲ့တာမှမဟုတ်တာ။ပန်ကိတ်လေးလုံလုံခြုံခြုံရှိနေမယ်လို့ ငါယုံကြည်တယ်။
မင်းနှုတ်ခမ်းတွေလဲ ပြာနေတာပဲ..ငါ့အထင် ဒီသစ်ပင်အောက်မှာ ခဏနားလိုက်ရင်ကောင်းမယ်ထင်တယ်။"

အမြဲတမ်းကလန်ကဆန်လုပ်တတ်တဲ့ သူဌေးလောင်းလေးဟာ အခုချိန်မှာတော့ အရာစကားကို နားထောင်သည်။
အရာ သူ့ရဲ့ကိုယ်လုံးကြီးကို ထူမ,ကာ သစ်ပင်ကိုမှီစေလိုက်သည်။

"မင်း..အသားတွေလည်း ပူခြစ်နေတာပဲ။
ဖျားနေပြီထင်တယ်"

"ကျနော်တို့ ရေထဲနေတာကြာလို့..ပြီးတော့ ကျနော်သွေးထွက်များသွားလို့ထင်တယ်။"

ခြစ်ခြစ်တောက်ပူနေတဲ့ ရှိန်းခရဲ့ကိုယ်အပူချိန်ကြောင့်  အရာ့စိတ်တွေစိုးရိမ်ရေမှတ်ရောက်ပြန်သည်။

"မဖြစ်ဘူး..မင်းအပူချိန်တွေ အရမ်းမြင့်လာရင် သေနိုင်တယ်။ခဏလေး.."

ဦးရာရဲ့ပျာယာခတ်နေပုံလေးကို ရှိန်းခ ငေးကြည့်နေသည်။
ဦးရာဘာလုပ်မလို့လဲဆိုတာလဲ လိုက်မတွေးနိုင်လောက်အောင် အင်အားတွေနုံးချိနေသည်။

အရာ ရေစပ်နားကိုပြေးသွားကာ ဝတ်ထားတဲ့ဖြူလွလွအင်္ကျီလေးရဲ့ အောက်ပိုင်းနားကို ဖြဲလိုက်ပြီး ရေဆွတ်ကာ ရှိန်းခ နဖူးနဲ့ မျက်နှာအနှံ့ပွတ်တိုက်ပေးသည်။

Preciously-"U" (Completed)Where stories live. Discover now