Unicode.......
A little warning:read at your own risk...!
(After one week......)
တစ်ပတ်နီးနီး အလုပ်ရှုပ်နေခဲ့ကြ ပြီးနောက် ဥက္ကဌရဲ့ ဈာပနဟာ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။
တစ်ကိုယ်လုံးပင်ပန်းနွမ်းနယ်နေပေမယ့် အရာ ကိုယ့်ကိုကိုယ် ရအောင် နိုးထလိုက်သည်။
ကျယ်ဝန်းလှတဲ့ အခန်းက တစ်ပတ်နီးနီး နေလာတာတောင် နေသားမကျသေးပေ။ရှိန်းခမင်းညံ စိတ်အဆင်မပြေသေးသရွေ့ သူ့ဘေးမှာ နေဖို့ အရာဆုံးဖြတ်ထားပြီဖြစ်လို့ ဥက္ကဌ အိမ်တွင် ရှိနေခြင်းဖြစ်သည်။
မလန်းမဆန်းဖြစ်နေတဲ့စိတ်ကြောင့် ပြတင်းလိုက်ကာကို ဖွင့်ကာ ခါးကို တစ်ဖက်တစ်ချက်လှည့်ပြီးမှ ရေဝင်ချိူးလိုက်သည်။အိမ်အောက်ထပ်ကိုဆင်းလိုက်တော့ အိမ်အကူတွေက မီးဖိုခန်းတွင် ချက်ပြုတ်ဖို့ပြင်နေကျပြီး အန်တီမွေးက အရာကိုတွေ့လျှင်
"မောင်ရာလွန်းပိုင်...အစောကြီး ထ နေပါလား..?သားရှိန်းတောင် မထသေးဘူးထင်တယ်"
အန်တီမွေးက ရှိန်းခ ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာတဲ့ အိမ်အကူဖြစ်တဲ့အတွက် ရှိန်းခကို သားလေးသဖွယ် သံယောဇဉ် ရှိသည်။
"အန်တီမွေး...ဘာချက်နေတာလဲ..?"
"သားတို့အတွက် အားရှိအောင် တီမွေးက ကြက်သားဆန်ပြုတ်ပူပူလေးလုပ်ပေးနေတာ"
"ဟုတ်...ကောင်းသားပဲ။ "
ရှိန်းခအတွက် ကြက်သားဆန်ပြုတ် လုပ်ပေးဖို့ စောစောလေးထလိုက်ပေမယ့် တီမွေးနဲ့အကြံတူနေတာကို အရာသဘောကျသွားသည်။
"ဒါဆို ကျနော် လုပ်ကူမယ်လေ"
"မလိုပါဘူးကွယ်...အကူတွေအများကြီးပဲဟာ"
ငြင်းဆန်နေတဲ့ တီမွေးဘေးကို ဝင်လိုက်ကာ
"ရပါတယ်...ကျနော်က ချက်ပြုတ်ရတာ ဝါသနာပါတယ်။ ကူလုပ်တော့ မြန်မြန်ပြီးတာပေါ့"
တားမရတဲ့ အဆုံး တီမွေးက ပြုတ်ထားတဲ့ကြက်သားကို အရာကိုနွံခိုင်းပြီးတော့ စကားစသည်။
"သားရှိန်းလေးက ကလေးလဲ မဟုတ်တော့ဘဲနဲ့ မောင်ရာလွန်းပိုင် သက်သက် အခက်ခဲတွေ့အောင် လုပ်နေသလိုပဲ။
သားရှိန်းဘေးမှာက တီမွေးတို့လဲ ရှိနေတာပဲလေ။
မောင်ရာလွန်းပိုင်ကို အားနာစရာကြီး"
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...