Chapter-8🌻

4.5K 354 2
                                    

Unicode.......

ဒေါ်မြလွန်းခင် သူမနဲ့မရီးနှီးတော့တဲ့လောကကြီးကြောင့် ခြေလှမ်းများယိမ်းယိုင်နေသည်။အပြင်လောကနဲ့ဝေးကွာခဲ့တဲ့ကာလအတွင်း အရာရာဟာ သူမအတွက်သိပ်ကိုပြောင်းလဲနေသည်။
ဒေါ်မြလွန်းခင် လက်ထဲမှာ လိပ်စာကဒ်လေးကိုကျစ်ကျစ်ဆုပ်ကိုင်ထားရင်း ချွေးဒီးဒီးကျသည်အထိ အားမလျှော့တမ်း ဆက်လျှောက်လာသည်။

ပွန်_ပွန်(ကားဟွန်းသံ)

ကားဟွန်းသံကြောင့် သူမထိတ်လန့်သွားပြီး ကြည့်လိုက်တော့ အညိုရောင်ဆံသားကိုလှန်တင်ကာ ရည်မွန်သော ကောင်ချောလေးတစ်ယောက်။
သူမနဲ့မရင်းနှီးသောကြောင့် ကြောင်တောင်တောင်ရပ်နေစဉ်...

"အန်တီ...လမ်းလျှောက်တာလဲ ယိုင်တိုင်တိုင်နဲ့။ဘယ်သွားမလို့လဲဗျ?
အတင်မပြေရင် ကျနော်ကားနဲ့လိုက်ပို့ပေးမယ်လေ"

အော်...အခုခေတ်လူငယ်တွေမှာလည်း ဒီလိုရှိသေးတာပဲ။ထောင်ထဲမှာနေခဲ့ရသမျှ မိမိကိုယ်ကိုယ်တန်ဖိုးမရှိဟု သတ်မှတ်ခဲ့ပေမယ့် အရေးယူဆက်ဆံတဲ့သူရှိသေးတာပဲ။

"ကောင်လေး..ဒီလိပ်စာက ဘယ်ဘက်သွားရမှာလဲဟင်"

ကောင်လေး ပြလိုက်တဲ့လိပ်စာကို ကြည့်ပြီး စဉ်းစားသယောင်ယောင်နဲ့ ..

"အန်တီ..ဒါ အခုကျနော်သွားမယ့်အိမ်ပဲဗျ။ဒီရှေ့နားဆိုရောက်ပြီ။
အန်တီလိုက်ခဲ့လို့ရတယ်လေ"

"ကျေးဇူးပါကွယ်"

သဘောကောင်းသော ကောင်လေးကြောင့် ကားပေါ်တက်လိုက်သည်။
သူလည်း အသက်တို့အိမ်သွားမှာဆိုတော့ သမီးလေးနဲ့ ရင်းနှီးတဲ့လူများလား။

"‌အန်တီက အဲ့အိမ်နဲ့သိလို့လား"

"သိဆို..အန်တီ့သမီးအိမ်ပဲလေ"

"ဗျာ..!ဟုတ်လို့လားဗျ။အန်တီ အိမ်လိပ်စာများမှားနေတာလား။"

"မမှားပါဘူးကွယ်။အန်တီ့သမီးအိမ်ပါ"

ကောင်လေးက ကြောင်တောင်တောင်နဲ့ ခေါင်းညိမ့်လိုက်သည်။တိတ်ဆိတ်‌နေသော ကားလေးတရွေ့ရွေ့နဲ့ ခရမ်းနု‌ေရာင်အိမ်ရှေ့တွင် ရပ်လိုက်သည်။
ဒေါ်မြလွန်းခင် ကားပေါ်က ဆင်းကာ တိတ်ဆိတ်နေသော အိမ်ဝန်းပတ်လည်ကို လျှောက်ကြည့်မိသည်။
ရှိန်းခမင်းညံ ဒေါ်မြလွန်းခင်ကို မသင်္ကာသလို ကြည့်နေလိုက်သည်။
အသက်တို့မှာ အမေမရှိပေ။တကယ်လို့ လူလိမ်လူညာများခေါ်လာမိရင် ဦးရာတော့ ကျနော့ကိုအသေသတ်နိုင်သည်။

Preciously-"U" (Completed)Where stories live. Discover now