Chapter-1🌻

31K 813 3
                                    

Unicode.........

လမ်းကြိုလမ်းကြားထဲ ကွေ့ဝင်ပြေးဆင်းလာသော အနီရောင်ကားတစ်စီး။
ထိုကားကို မောင်းနှင်စီးနင်းလာသူနှစ်ယောက်မှာ ချောမောလွန်းလို့လားမသိ။ရပ်ကွက်ထဲကလူတွေ ငေးနေကြတာအမှန်။
တကယ်တော့ မောင်းလာသူက ကျွန်တော်။ဘေးမှာက ကျွန်တော့်ရဲ့ Secretaryတစ်ဖြစ်လဲ ကျွန်တော့ရဲ့ အနာဂတ်သတို့သမီး။
ကျွန်တော့်နာမည်က ရှိန်းခမင်းညံ။
အသက်က 24....အရပ်က 5'11။
ကျွန်တော့်အကြောင်းပဲပြောနေလို့မဖြစ်။ကျွန်တော့်ကောင်မလေးအဖြစ် ရွေးချယ်ထားတဲ့ မိန်းကလေးက သက်လွန်းခိုင်။
သူမက ကျွန်တော်တွေ့ဖူးသမျှထဲ အနူးညံ့ဆုံးမိန်းကလေး။
ကျွန်တော်နဲ့တစ်နှစ်လောက်လက်တွဲအလုပ်လုပ်ပြီး သူမဘယ်လောက်ထက်မြက်တယ်ဆိုတာ သိပြီးသား။
သူမရဲ့ရုပ်ရည်နဲ့ အရည်အချင်း....5'6အရပ်အ‌မောင်း အားလုံးက  ကျွန်တော်နဲ့လည်း အသင့်တော်ဆုံးပေါ့။
ကျွန်တော်က အဲ့လိုပြောလို့ ခင်ဗျားတို့က ကျူပ်ဒီကောင်မလေးကို ရုပ်ရည်နဲ့အရည်အချင်းကြည့်ပြီးရွေးထားတာလားလို့ပြောလိမ့်မယ်။ တကယ်လည်း ဟုတ်ပါတယ်။ လက်ထပ်ခြင်းဆိုတာ တကယ်တော့ အသွင်တူသူနှစ်ဦး ဆုံစည်းပေါင်းဖက်ခြင်းပဲ မဟုတ်လား။ အချစ်ဆိုတာတွေ ဘာညာ ကျွန်တော်မတွေးဖူးဘူး။ သက်လွန်းခိုင်က ကျွန်တော်နဲ့ လိုက်ဖက်တယ်။ ကျွန်တော့်အမေဆန္ဒအရ လက်ထပ်မယ်..... ဒါပါပဲ။

"ဆရာ...ဒီမှာရပ်လိုက်လို့ရပါပြီရှင့်"

သူမရဲ့အသံခပ်တိုးတိုးပြီးနောက် ကားကိုရပ်လိုက်ပြီး ခရမ်းနုရောင် တိုက်အိမ်အသေးလေးကို ကြည့်လိုက်တယ်။

"အိမ်လေးက ချစ်စရာလေးပဲ"

"ဟုတ်...အသက် တို့ဦးရာ ရဲ့အကြိုက်လေ"

ဦးရာဆိုမှ အသက်က သူ့ဦးလေးနဲ့မိတ်ဆက်ပေးမယ်လို့ပြောထားတာပဲ။အရာရာအဆင်ပြေဖို့ မျော်လင့်မိတယ်။ကိုယ်လဲ မနူးမနပ် ကောင်လေးတစ်ယောက်မှ မဟုတ်တော့ပဲ။

"ဟိုလေ..ဒါနဲ့....."

"ဟုတ်..ပြောလေ ဆရာ"

"အသက် ဦးလေးက သဘောကောင်းလို့လား"

"အော်...ဆရာရယ်။ဘာများလဲလို့။ဦးရာက ဇီဇာနည်းနည်းကြောင်ပေမယ့် သဘောကောင်းပါတယ်။
ပြီးတော့ ဦးရာကြိုက်တဲ့ သစ်တော်သီးတွေ အများကြီးဝယ်လာတာပဲ။အသက်ကို ယုံလိုက်"

Preciously-"U" (Completed)Where stories live. Discover now