Unicode.......
အိပ်ရာရဲ့ ဟိုဘက်ဒီဘက်ကို လှည့်အိပ်နေပေမယ့် ခ ဘယ်လိုမှအိပ်မရဘူး။
ဒီလူကို ဥပေက္ခာပြုထားဖို့ စိတ်ကခွင့်မပြုသေးဘူးလား။
ဒီနှောင်ကြိုးက ရုန်းဖို့ဘာကြောင့်ဒီလောက်ခက်ခဲရတာလဲဗျာ။
မနက်ကတည်းက မေမေနဲ့ရန်ဖြစ်ပြီး ထွက်သွားတဲ့လူက ပြန်မရောက်သေးဘူး။
ပြန်မလာတော့မှာကြောက်သလို တစ်ခုခုများဖြစ်နေလားလို့ တွေးပူနေဆဲ။"အဟက်....အဟက်..."
အိမ်ထဲဝင်လာတဲ့ ဇွဲရဲ့ချောင်းဟန့်သံတွေကို ကြားပေမယ့် ခအိပ်ယာထဲကနေ မထခဲ့ဘူး။
မကြားချင်ယောင်ဆောင်ကာ အိပ်ပစ်ဖို့ပဲ ခကြံထားတာပါ။"ခ...!"
ကုတင်ခြေရင်းက ခေါ်သံကြားပေမယ့် ခတုပ်တုပ်မျှ မလှုပ်။
မွန်ထူနေတဲ့ အရက်နံ့ကို တမင်မရှူကြည့်ပဲတောင် ရနေသည်။
ဇွဲ အရက်သောက်လာတာပဲ။
အရင်က ဇွဲအရက်သောက်ထားတဲ့အချိန် ခဆီကိုဘယ်တော့မှ မလာဖူးဘူး။
သူ့ရဲ့ခံစားချက်တွေကို ဖွင့်ချမိမှာကို ကြောက်တာလည်း ပါမှာပေါ့။ဒါပေမယ့် အခုက ဘယ်လိုအခြေအနေမျိူးလဲ.....။"နေယံခ....!!"
နာမည်တစ်ခုကို အပြည့်အစုံခေါ်ရုံမက ဆွဲခွာခံလိုက်ရတဲ့ စောင်ကြောင့် လေအေးတွေ တိုးဝှေ့လာတယ်။
မုန်တိုင်းကိုသတိပေးနေသလိုပဲ။"ဇွဲ....မူးနေတာလား?"
အခုမှနိုးလာတဲ့သူလို ခ ဟန်ဆောင်ကာ မတ်တပ်ရပ်လိုက်သည်။
"ငါမမူးဘူး။မင်းနဲ့ငါ ရှင်းစရာရှိတယ်"
တယိမ်းတယိုင်နဲ့ ခရဲ့လက်မောင်းကို ဖမ်းဆုပ်လာသည်။ နီရဲဆွေးမြေ့နေတဲ့ ဇွဲရဲ့မျက်ဝန်းတစ်စုံက အဓိပ္ပာယ်တွေများလွန်းသည်။ ဟင့်အင်း....လက်မခံချင်သေးဘူး။ ခ ရဲ့ဘဝထဲကနေ ဇွဲထွက်သွားမှာပဲ ဖြစ်ဖြစ်...ဇွဲရဲ့ဘဝထဲကနေ ခကိုနှင်မှာပဲဖြစ်ဖြစ် လက်မခံနိုင်သေးဘူး။
"ဇွဲ မမူးရင် ဒီလိုတွေ မလုပ်တတ်တာ ခသိပါတယ်။"
"မင်းက ငါ့အကြောင်းအကုန်သိတယ်ပေါ့။ "
ဇွဲရဲ့လက်ဖဝါးအားနဲ့ ခလက်မောင်းကို ဆွဲညစ်ထားတာများ ညင်သာမှု တစ်စက်မျှမရှိ။
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...