Unicode.......
မေမေ့ တိုက်ခန်းကအပြန် လမ်းတစ်လျှောက်လုံး ခ အတွေးများဖြင့် တိတ်ဆိတ်လာပြီး ခဏအကြာမှာ မနေနိုင်စွာပဲ ဇွဲကို မေးတော့သည်။
"မေမေ့ တိုက်ခန်းမှာလဲ မေမေက မရှိဘူး...ဘယ်တွေသွားနေတာလဲ ..ဇွဲသိလား?"
"အရင်လိုပဲ လောင်းကစားတွေ ထွက်လုပ်နေတာ နေမှာပေါ့။
အရင်တစ်ခါက ခ,လေး စီက ငွေတောင်းသွားသေးတယ်မို့လား?"မေမေက အရင်တည်းက ကျနော့ကို ခ,လေးစီမှာ ရောင်းချပြီး ငွေတောင်းကာ လောင်းကစားလုပ်နေကျပင်။
ခဏခဏလဲ ပျောက်ပျောက်သွားတတ်သည်။
သားအမိချင်း သိပ်အဆင်မပြေတော့ အကြောင်းကြားလေ့လဲမရှိပေ။ အခုလဲ စကားများထားကြပေမယ့် ဇွဲစိတ်ထဲ ပုံမှန်လိုပဲ ဖြစ်နေသည်။"မဟုတ်ဘူး..ဇွဲ ။ အရင်တစ်ခါက မေမေလာတော့ ဇွဲနဲ့စကားများပြီး ပြန်သွားတယ်လေ။ ဘာမှတော့ တောင်းမသွားဘူး။
စကားတောင် သေချာမပြောလိုက်ရဘူး။
အခု ခနဲ့ ဇွဲ အဆင်ပြေနေတာလေး မေမေ့ကိုကြွားချင်ပါတယ်ဆိုမှ မေမေက ဘယ်ကိုထွက်သွားမှန်းမသိဘူး""ဟေး...မငိုနဲ့လေ...မေမေက အရင်လိုပဲ အပျော်အပါးလိုက်စားတာနေမှာ"
ပြောရင်းဆိုရင်း ခ,လေး မျက်ရည်ဝဲလာတော့ ဇွဲထက်ပျာယာခတ်သွားသည်။ ကားစတီယာရင်ကို ကိုင်ထားရင်း တစ်ဖက်ကနေ ခ,လေးကို နှစ်သိမ့်ရသည်။
ခ,လေးကို အပြစ်လဲမမြင်ရက်ပေ။ သူ့မှာ တွယ်တာစရာမိဘဆိုလို့ ဇွဲအမေပဲရှိတာလေ။
ဒါကြောင့် မေမေ ဘယ်လောက်တောင်းတောင်း သူမငြိုငြင်ခဲ့တာ။
အရင်တုန်းကတော့ ခနဲ့မေမေက ကျနော့ကို အရောင်းအဝယ်လုပ်ခဲ့ကြတယ်လို့ မြင်ပြီး ခ,လေးကို ကြည့်မရခဲ့ဘူး။
တဖြည်းဖြည်းနဲ့ ဒီကောင်လေးရဲ့ တွယ်တာလိုမှု နားလည်လာပြီး သူ့စီက ထွက်ခွာဖို့ဆိုတာလဲ အတွေးထဲမှာမရှိတော့ပေ။"ဇွဲ...မေမေ အကြွေးတွေများတင်ပြီး ထွက်ပြေးနေရတာများလား"
"ခ ရယ်...လျှောက်တွေးမနေပါနဲ့ကွာ။ ကိုယ်ပြောတာယုံ...မေမေ ဘာမှမဖြစ်ဘူး။
သူသာ အကြွေးတွေတင်နေရင် ခစီသာ ချက်ချင်းအပြေးလာတောင်းလိမ့်မယ်လေ"
KAMU SEDANG MEMBACA
Preciously-"U" (Completed)
Romansa*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...