Chapter-35🌻

4.4K 313 37
                                    

Unicode......

ခ နိုးနိုးချင်း အိပ်ယာရဲ့ ဘေးတစ်ဖက်စီကို စမ်းကြည့်လိုက်တော့ ဗလာသပ်သပ်ဖြစ်နေတဲ့ အိပ်ယာကိုစမ်းမိတယ်။
ဒီနေ့တစ်နေကုန် ဇွဲနဲ့အချိန်ဖြုန်းမယ်ဆိုမှ Seriesကြည့်ပြီး အိပ်ပျော်သွားတဲ့ သူ့ကိုယ်သူ စိတ်ဆိုးမိတယ်။
ရေချိူးခန်းထဲက ရေကျသံကို ကြားတော့မှ ဇွဲရေချိူးနေမှန်း ခ မှန်းမိသွားတယ်။
ခ ပြုံးလိုက်တယ်။

"တော်သေးတယ် ... ထွက်မသွားလို့"

စိတ်အေးသွားသလိုနဲ့ အိပ်ယာပေါ်မှာ ဟိုဘက်ဒီဘက်လှိမ့်နေလိုက်တယ်။
ရေကျသံ တိတ်သွားတော့ ဇွဲလာနိုးမှာကို ခအိပ်ပျော်ချင်ယောင်ဆောင်ရင်း စောင့်နေလိုက်တယ်။

"ခ ..."

ထင်သလိုပဲ ဇွဲက ခရဲ့ နှဖူးပေါ်က ခပ်ဝဲဝဲ ဆံပင်လေးတွေကို သပ်ပေးရင်း ခ စိတ်ကိုမယိုးမယွ ဖြစ်စေတယ်။

"အင်း.."

ခ မနိုးသေးသလို ညည်းငြူယောင်ဆောင်လိုက်တော့
ဇွဲက ခ နဖူးပြင်ကို ဖွဖွလေးအနမ်းပေးရင်း

"ခ...ထတော့...ညနေတောင်စောင်းတော့မယ်။
အခုချိန်အိပ်နေရင် နေမကောင်းဖြစ်လိမ့်မယ်"

ခ မျက်စိဖွင့်လိုက်ပြီး ဇွဲရဲ့မျက်နှာချောချောကို ငေးနေပြန်တော့

"ထ..ထ ရေချိူးတော့။
ကိုယ် ညစာပြင်ထားပေးမယ်"

"ဟုတ်ပြီ"

ခ လိမ်လိမ်မာမာပဲ ရေချိူးခန်းထဲဝင်ပြီး ရေချိူးလိုက်တယ်။
ရေချိူးပြီး အဝတ်အစားလဲ ဖို့ ဗီရိုကိုအဖွင့်မှာတော့ ဇွဲရဲ့ အဝတ်တွေ ရှိမနေတော့တာကို တွေ့လိုက်ရတယ်။
ခ အရမ်းငိုချင်သွားတယ်။
ခြေထောက်တွေ မခိုင်တော့သလို ဦးနှောက်တွေ ဗလာကျင်းသွားတယ်။

"ဇွဲ..!"

ခ အသံစူးစူးက ဟိန်းထွက်လာပြီး အဲ့ဒီနေရာမှာပဲ လဲပြိုကျနေတယ်။
ဇွဲ မီးဖိုခန်းက အမြန်ထွက်လာပြီး ခကိုထူပေးကာ

"ခ ဘာဖြစ်တာလဲ..?"

ခ ဇွဲကို ဗလာကျင်းနေတဲ့ ဗီရိုဘက်ကို မျက်ရည်လည်ရွဲဖြင့် လက်ညိုးထိုးပြကာ

"ဒါ...ဒါ ဘာသဘောလဲ..?"

ဇွဲ မျက်စိမျက်နှာပျက်သွားပြီးမှ ခ မျက်နှာလေးကို ကိုင်ကာ

Preciously-"U" (Completed)Where stories live. Discover now