Chapter-5🌻

5.3K 384 5
                                    

Unicode......

"ပါပါး...အဲ့မှာ သမီးကောင်လေး..ခ်ခ်"

အမေဖြစ်သူလက်ကိုတွဲပြီး အိမ်ပြန်တော့မယ့် ဘိုဆန်ဆန်ကောင်ကလေးကို ပန်ကိတ်လေးက လက်ညိုးထိုးပြသည်။
အဲ့ကောင်လေးကို မျက်စိတစ်ဖက်က မှတ်ပြလိုက်သေးသည်။
ပန်ကိတ်လေး ဒီလိုဖြစ်အောင်လုပ်တာ ဟိုအကောင်...ရှိန်းခမင်းညံ။

"ပန်ကိတ်လေး..သမီးအဲ့လိုတွေ မလုပ်ရဘူးလေ။ပါပါး မကြိုက်ဘူးနော်"

"ဟီးဟီး..ဟုတ်ကဲ့"

ဆံပင်တိုတိုလေးတွေကို သရေကွင်းလေးနဲ့ စည်းထားပြီး uniformလေးနဲ့ ထိုင်ခုံပေါ်မှာ ခြေတလုပ်လုပ် ရမ်းနေတဲ့ ပန်ကိတ်လေးနဲ့ အတူ ဦးရာကို ရှိန်းခတွေ့တာနဲ့ ကားရပ်လိုက်သည်။
ဦးရာက အစင်းကျား အပေါ်ထပ်လေးနဲ့ အနက်ရောင်ပန့်ကိုဝတ်ထားကာ စမတ်ကျချောမောနေပေမယ့် ဂျိူင်းထောက်ကြီး တမ,မနဲ့ အလုပ်ရှုပ်နေပုံကို ရှိန်းခရယ်ချင်မိသည်။
သူကတော့ ကျွန်တော့ကိုမမြင်သေး။လာကြိုမည့် သူငယ်ချင်းကို စောင့်နေပုံရသည်။

"ဟိတ်...ပြန်ရအောင်လေဗျာ။ကျွန်တော်လာကြိုတာ"

ဦးရာက ရှိန်းခကို အပြစ်သားတစ်ယောက်လို ဘုကြည့်ကြည့်ပြီးမှ

"လိုက်ပြန်စရာလား။ငါ့သူငယ်ချင်းလာကြိုမှာ"

"ပါပါး...သမီး ဒီ ဦးဦးနဲ့ လိုက်ပြန်ချင်တယ်"

ပန်ကိတ်လေးက ယိုင်နဲ့နေတဲ့ အရာကို ဂျီကျပြန်တယ်။

"ပန်ကိတ်လေး....မိုနိုလာကြိုမယ်လို့ပြောထားတယ်လေ"

အကွက်ချထားပြီးသားဖြစ်တဲ့ ရှိန်းခကတော့ ဟက်ခနဲရယ်လိုက်ကာ

"ခင်ဗျား..သူငယ်ချင်းက လာကြိုမှာရော သေချာရဲ့လား။စောင့်နေတာကြာလှပြီထင်တယ်"

"သေချာပေါက်လာမှာ။ခဏလေး..ငါဖုန်းဆက်ပြမယ်"

ဒူ_ဒူ📲

"ဟဲလို...မိုနို လာကြိုမယ်ဆို။ကျောင်းမှာစောင့်နေတာ ရောက်မလာပါလား"

(အေ...သူငယ်ချင်း..အရာ ငါတောင်းပန်တယ်။ဆိုင်မှာလဲ Customersအရမ်းများနေလို့ လက်မလည်ဘူးဖြစ်နေတယ်။
ငါရှိနေမှ ဖြစ်နေမှာမို့လို့ ...သွားမကြိုနိုင်တော့ဘူး)

Preciously-"U" (Completed)Where stories live. Discover now