Unicode.......
"အင်း..."
ခ ညည်းညူရင်း လက်ဆန့်တန်းကာ ဘေးဘက်က ဇွဲရဲ့နေရာလေးကို ပွတ်သပ်ကြည့်လိုက်တော့ ဗလာသပ်သပ်ဖြစ်နေတဲ့ အိပ်ယာခင်းကို စမ်းမိသွားတယ်။
ခ အလန့်တကြားနဲ့ ထထိုင်လိုက်တော့ ခ ရဲ့ ကုတင်ခြေရင်းမှာ ထိုင်နေတဲ့ ဇွဲရဲ့ နောက်ကျောတစ်စုံကို တွေ့လိုက်ရတယ်။"ဇွဲ...ဘာလို့ အစောကြီး ထနေတာလဲ..ဟင်?"
သူ ဇွဲရဲ့နောက်ကျောကို သူ့ပါးတွေနဲ့ ထိကပ်ကာ ဖက်တွယ်လိုက်တယ်။
ထိုအချိန် ဇွဲက ခရဲ့ လက်ကလေးတွေကို ငြင်သာမှုမရှိ ဖြုတ်ချလိုက်တာကို ခံစားလိုက်ရတယ်။
ခ ကြောင်နေဆဲမှာ ဇွဲကပြောလာတယ်။"မင်းက နောက်ဆုံးထိ ငါ့ကိုလိမ်နေခဲ့တာပဲ...ခ"
သူ့ရဲ့ အသံက ဖြည်းဖြည်းမှန်မှန်နဲ့ တိုးငြင်းပေမယ့် အရင်က ဇွဲထက်ရဲ့ နူးညံ့မှုတွေ တစက်ကလေးမှ မပါဘူး။
"ဇွဲ ဘာကို ဆိုလို..."
"ဘာကိုဆိုလိုတယ်ဆိုတာ မင်းအသိဆုံးဖြစ်မှာပါ။
မင်း ပျော်လား..ဟမ်..?"ဇွဲရဲ့အသံက တိုးငြင်းနေတုန်းပဲ။
ဇွဲက အားလုံးကို သိနေခဲ့တယ်။ ဒါပေမယ့် ဘာကြောင့် ညကတည်းက ဒီကိစ္စကို မဖြေရှင်းခဲ့တာလဲ။"ဇွဲ ...ဘာတွေ ပြောနေတာလဲ..ခ နားမလည်..."
"မင်း...!ငါမေးတာကိုဖြေ..!
မင်းသိပ်ပျော်လား..?မင်းကို ချစ်တဲ့ယောက်ျားတစ်ယောက်က မင်းအရူးလုပ်တာကို ပျော်ပျော်ကြီးခံနေခဲ့ရတာလေ.."ဇွဲက မတ်တပ်ရပ်လိုက်ကာ ခဘက်လှည့်ပြီး ဟိန်းဟောက်လာတယ်။ ဇွဲရဲ့မျက်ဝန်းတွေ နှာထိပ်တွေ ရဲနေကာ ဒေါသအငွေ့အသက်တွေ မယုံကြည်နိုင်မှုတွေ သူ့စိတ်ထဲက အရိပ်မည်းတွေ ထင်ပေါ်နေတယ်။
"မဟုတ်ဘူး...ဇွဲ...ခလုံးဝ မပျော်ခဲ့ပါဘူး။
ခ ပြောဖို့စဉ်းစားခဲ့ပါသေးတယ်။
ခ...ခ ပြောမထွက်ခဲ့လို့ပါ""မင်းမှာ နှလုံးသားရော ရှိရဲ့လားခ..?
မင်းက အရမ်းတကိုယ်ကောင်းဆန်လွန်းတယ်။
မင်းငါ့ကိုမယုံကြည်မှုတွေနဲ့ ချည်ထားတဲ့ ဒီအလိမ်အလည်တွေကြားမှာ ပက်လက်မြောနေတဲ့ ငါ့ကို မင်းမသနားခဲ့ဘူး။
ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးခဲ့တယ်။
မင်းကိုယ်တိုင် ငါ့အပေါ်ရိုးသားလာမယ့် အချိန်တစ်ခုပေါ့။
ဒါပေမယ့် မင်းနောက်ဆုံးထိ တကိုယ်ကောင်းဆန်ခဲ့တယ်"
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...