Chapter-14🌻

4.3K 334 5
                                    

Unicode.......

"ဟူး...."

ဆိုင်မှာလာထိုင်ကတည်းက သက်ပြင်းပဲထိုင်ချနေတဲ့ အရာကြောင့် မိုနိုပါစိတ်ညစ်လာသည်။
ဘာဖြစ်လို့လဲဆိုတာကို ကာယကံရှင်ကိုယ်တိုင်ကပြောမလာသေး။
မေးရင်လည်း စပ်စုတယ်လို့သာ အပြောခံရမည်။

'မိုနိုရာ...ငါမခံစားနိုင်တော့ဘူး"

နောက်ဆုံးတော့ သူငယ်ချင်းလေး ရင်ဖွင့်ဖို့စကားစလာသည်။

"ဘာမို့လို့ အဲ့လောက်ဖြစ်နေတာလဲ"

စိတ်မဝင်စားသလိုပုံစံနဲ့သာ ပြန်မေးလိုက်သည်။
အရာက မိုနိုနဲ့မျက်နှာချင်းဆိုင်လိုက်ကာ

"မင်းက ကောင်လေးချင်းတွဲနေကျဆိုတော့ သိမှာပေါ့ကွာ......"

ကောင်လေးချင်းကိစ္စ ဘာညာဆိုတာ အရာတစ်ခါမှမစပ်စုဖူး။အခုမှ သူဘာဖြစ်လာတာပါလိမ့်။

"ဆိုပါတော့"

"ဟိုလေ...ငါ ငါ့ကိုယ့်ငါ ကောင်လေးတစ်ယောက်နဲ့ အိပ်မိသွားသလိုပဲ"

"ငင့်...ဘာများလဲလို့။ကောင်လေးနဲ့ အတူအိပ်မိတာများ ဘာဆန်းလို့လဲ..အရာ ရာ။"

ဟုတ်တယ်လေ။ဘာမှမထူးဆန်းတာကြီးကို။

"အဲ့လိုအိပ်တာ မဟုတ်ဘူးကွာ...ဟို...ဟိုလေ'

မိုနို နားလည်စပြုလာတော့ မျက်ပြူးစံပြူးနဲ့ ထအော်သည်။

"အားးးးး..!!ဟိုလိုလား...?
ဘယ်ကောင်နဲ့လဲ....?ဘယ်လိုဖြစ်တာလဲ?"

အရာမျက်နှာပြင်မှာ ရဲတက်လာသည်။တိုးလျတဲ့ အသံက မိုနိုကို အားမရဖြစ်စေသည်။

"ငါလဲ ဘယ်လိုတွေဖြစ်ကုန်တာလဲ မသိတော့ဘူးကွာ။
အဲ့ညက ငါနေမကောင်းဘူး။
ရှိန်းခမင်းညံက လာကြည့်တာ"

"အယ်....အယ်...ရှိန်းခမင်းညံလား!"

မိုနိုအသံ တစ်ဖန်ကျယ်လာသည်။

"အေးလို့...။ငါအဖျားတွေတက်ပြီး သူနဲ့ငါဘာတွေဖြစ်လဲတောင်မသိတော့ဘူး။
မနက်ရောက်တော့ ငါ့ကိုယ်မှာ အဝတ်တစ်စတောင်မကပ်ဘူး။
သူလဲ အပေါ်ပိုင်းဗလာကျင်းကွာ။ငါက သူ့ရင်ခွင်ကြီးထဲမှာရောက်နေတာကွ...တောက်စ်"

Preciously-"U" (Completed)Where stories live. Discover now