Unicode........
ညဉ့်နက်မှ ပြန်လာတိုင်း Hotelမှာပဲ အိပ်ဖြစ်တဲ့ ရှိန်းခအတွက်တော့ ဦးကျော်ဦး စီစဉ်ပေးထားတဲ့ အခန်းကို ဝင်လိုက်တယ်။
တိတ်ဆိတ်နေတဲ့ အခန်းထဲကို လေးပင်တဲ့ ခြေလှမ်းတွေနဲ့ လှမ်းဝင်ရင်း ဝတ်ထားတဲ့ Hoodieကို ချွတ်ပစ်ကာ ရေချိူးဖို့ ဆုံးဖြတ်လိုက်တယ်။
ရှိန်းခ စိတ်တွေ ပင်ပန်းနေတယ်။ မေမေအတွက် သင့်တော်မယ့်မိန်းကလေးအဖြစ် အသက်ကို ရွေးချယ်ခဲ့ပေမယ့် သူမနဲ့ ဇွဲထက်ကြားက သံယောဇဉ်အချိူ့ကိုတော့ သူယုံကြည်ပြီးလက်ထပ်ဖို့ မဖြစ်နိုင်။
မင်္ဂလာပွဲကို ရပ်ဆိုင်းမယ့်အကြောင်းကို နောက်မှ မေမေ့ကို ဆင်ခြေလှလှနဲ့ ရှင်းပြဖို့ ဆုံးဖြတ်လိုက်တယ်။ပူလောင်နေတဲ့ ရင်တွင်းမီးကို ငြိမ်းသတ်ဖို့ ရှိန်းခကိုယ်ပေါ် ရေတွေ ပြေးဆင်းလာတယ်။
မျက်နှာထက် စီးကျလာတဲ့ ရေစတွေကို ရှိန်းခ လက်နဲ့ဖယ်ရင်း တစ်စုံတစ်ယောက်ရဲ့ အကြောင်းက ခေါင်းထဲဝင်လာတယ်။
သူကတော့~ဦးရာ...။
ဦးရာက ကျနော်နဲ့ အသက်ကြား ဘာမှမပက်သပ်ပေမယ့် ကျနော် ဦးရာကိုစိတ်ဆိုးချင်မိတယ်။
ဦးရာက အရမ်းကိုရိုးသားတဲ့ လူသား..။
သူ ကျနော့ကိုအစက မယုံကြည်ခဲ့ဘူး။
ဒါက အသက်အတွက်စိုးရိမ်တာလည်း ဖြစ်နိုင်သလို တစ်ခုခုကိုသူသိထားနေသလိုလို။
ပြီးတော့လည်း ရုတ်တရက် အသက်နဲ့လက်ထပ်ဖို့ကို သဘောတူလိုက်တယ်။
ကျနော်တောင် ထင်မထားပဲပေါ့။ သူနဲ့ ကျနော်ကြားက သံယောဇဉ်တွေ..အကြည့်တွေ...ခံစားချက်တွေ ရှိနေတာကို သူနားမလည်နိုင်တာလား...??
မသိခဲ့တာလား..?
သူကျနော့ကို ဆွဲထားဖို့ အကြောင်းပြချက်ရှိရက်နဲ့တောင် သူဆွဲမထားခဲ့ဘူး။
သူ နောက်ဆုံးရွေးချယ်ခဲ့တာက အသက်ဘဝအတွက်သာ။
အသက်နဲ့ဇွဲထက်ကြား ပြတ်သားဖို့ ကျနော့ကို coverချိန်ရုံသာ။
ဦးရာနဲ့ ကျနော့ကြားက ရှိခဲ့ဖူးတဲ့ သံယောဇဉ်အချိူ့ကိုမှ မထောက်ဘဲ ဦးရာလုပ်ရက်ခဲ့တယ်။
အသက် ကျနော့ကိုလျိူ့ဝှက်ထားတာထက် ဦးရာကပါ အကြံတူနောက်ဆုံးထိ ကျနော့ကိုညာခဲ့တာကို စိတ်ဆိုးမိတယ်။
သတိပေးခဲ့ရောပေါ့..ဦးရာရယ်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟူး...."
မြင်းစာကျွေးနေရင်းက ရှိန်းခ လေပူတစ်ချက်လောက်မှုတ်ထုတ်လိုက်တယ်။ ရှိန်းခရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာတော်ကြောင့် ဦးကျော်ဦး အကဲခတ်ကာ စကားစလာသည်။
![](https://img.wattpad.com/cover/234064179-288-k776692.jpg)
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...