Chapter-31🌻

4.1K 296 1
                                    

Unicode.......

မနက်ခင်းအလင်းရောင်က မျက်နှာပေါ် ဖြာကျလာပေမယ့် ခ, တရေးမှ မအိပ်ရသေး။
မနေ့ညက ညဉ့်နက်ထိအောင် ထိုင်စောင့်ခဲ့ပေမယ့် ဇွဲပြန်မလာခဲ့။
ဇွဲကို ယုံယုံကြည်ကြည်နဲ့ပဲ ခ ဘာမှမတွေးပဲ အိပ်လိုက်ချင်ပေမယ့် မနက်သာ လင်းသွားသည်။ လူကတော့ အိပ်ယာထက်မှာ လူးလိမ့်လျက်။
ဒီတိုင်းနေရုံကလဲ မဖြစ်။ အခုချိန်က ဇွဲရဲ့ခက်ခဲတဲ့အချိန်ဆိုတော့ သူ့ကို ခ နားလည်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဘာမှမတွေးနဲ့...ဘာမှမတွေးနဲ့။ ဇွဲ မင်းကိုပစ်သွားမှာ မဟုတ်ဘူး...စိတ်ချ..!

ဟူး....

သက်ပြင်းအသာချကာ အိပ်ယာထပြီး စားစရာအချိူ့ပြင်ကာ ဇွဲအတွက် ထုပ်ပိုးပြီး ဆေးရုံကို ထွက်လာခဲ့လိုက်သည်။
ဆေးရုံကို အရောက်မှာတော့ ထင်သည့်အတိုင်းပင်။
ဇွဲ ရဲ့အိပ်ရေးပျက်ကာ ပူပင်နေရတဲ့ မျက်နှာ ဖြူလျော့လျော့က Emergency roomရှေ့မှာ အထင်းသား။
ခ သူ့ရှေ့ကို အမြန်လျှောက်သွားလိုက်ပြီး

"ဇွဲ...အရမ်းစိုးရိမ်ရလို့လား..? ညကအိပ်ရော အိပ်ရရဲ့လား?
မနက်စာ စားဖို့ထည့်လာပေးတယ်။"

ဇွဲက စကားတစ်ခွန်းမှ မဟဘဲ ကျေးဇူးတင်သလို အကြည့်နဲ့သာ ကြည့်နေသည်။ ချိူင့်ကို ဇွဲရှေ့ချပေးတော့
ဦးရာနဲ့ မမသက်တို့က ခ ကိုဝိုင်းကြည့်လာသည်။
ခ မလုံမလဲနဲ့ပဲ...

"ဟို...ဦးရာနဲ့ မမသက်အတွက်တော့ မပါ.."

"ဟာ...မဟုတ်တာ။ ဦးရာတို့အတွက် မမမြ သွားဝယ်နေတယ်"

ဦးရာက အားနာပါးနာ ဖြတ်ပြောပေမယ့် မမသက်ကတော့ ခ ကိုအကြည့်လွဲသွားသည်။

"ဟုတ်...ဒါဆို ခ ကြီးကြီးကို သွားကြည့်မလို့ ဇွဲလိုက်မလား..?
ပန်ပန့်ကိုပဲ စောင့်နေမှာလား"

ဇွဲက ခေါင်းမမော့ပဲ ဖြေလိုက်သည်။

"ကိုယ်...နောက်မှ သွားတွေ့လိုက်မယ်။ အခု ပန်ပန်လေးက ပိုအရေးကြီး.."

"ရပါတယ်"

ဇွဲ စကားမဆုံးသေးခင် ခ သူ့ကို ခပ်ဖွဖွလေး ဖက်လိုက်တယ်။
ဇွဲရဲ့ လက်တစ်ဖက်က ခ ခါးလေးပေါ် တင်လာပြီး ခ ရင်မှာ ဦးခေါင်းကို ခဏမှီလိုက်တယ်။
ဇွဲ ရင်ထဲ အရမ်းကိုပင်ပန်းနေတာကို ခ ခံစားနေရတယ်။
ဖြစ်နိုင်ရင် ဒီလူသားဆီက ဆင်းရဲ ဝမ်းနည်း မကောင်းတာမှန်သမျှကို ခ လွဲပြောင်းလက်ခံယူချင်မိတယ်။
ဒါပေမယ့် ခက ဒီလူ့အတွက် စိတ်ဆင်းရဲမှုရဲ့ မြစ်ဖျားခံရာ အုတ်မြစ် တစ်ခုသာသာ ဖြစ်တည်နေတယ်။

Preciously-"U" (Completed)Where stories live. Discover now