Chapter-11🌻

4.6K 390 4
                                    

Unicode.......

"အင့်ဟင်း...ပါပါး...ပါပါး"

ဆေးရုံထဲသို့အဝင်မှာပင် ပန်ကိတ်လေးသတိရလာကာ ဦးရာကို ယောင်ယမ်းခေါ်နေသည်။

"ပါပါးဒီမှာနော်..သမီးနားမှာပါပါးရှိတယ်။ပါးသမီးလေး လိပ်ပြာတွေဘာတွေများလွင့်ကုန်ပြီလားသိဘူး..ဖွဖွ"

ပန်ပန်လေးရဲ့နဖူးကို ဦးရာပွတ်သပ်နမ်းရှိုက်လိုက်သည်။

"လေးလေး..ဆရာကိုဆေးစစ်ခွင့်ပေးလိုက်အုံး'

"ဟုတ်သားပဲ..သမီးလေးကိုကြည့်ပေးပါအုံးဗျာ"

လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်

"ကလေးက အအေးမိပြီး ကိုယ်ပူဖျားနာရုံပါပဲ။
ဘာမှမဖြစ်ပါဘူးနော်။အနီးကပ်စောင့်ကြည့်ဖို့ ဆေးရုံမှာနှစ်ရက်လောက်တော့ နေလိုက်ပေါ့"

"ဟုတ်ကဲ့"

ဒေါက်တာထွက်သွားတဲ့နောက် ပန်ကိတ်လေးမျက်နှာကို ဦးရာတစိမ့်စိမ့်ကြည့်ရင်း မျက်ရည်ဝဲနေသည်မှာ ရှိန်းခအတွက်တော့ အလှပဆုံးပန်းချီကားတစ်ချပ်နှယ်။
ဦးရာ ပန်ကိတ်လေးအပေါ်ထားတဲ့မေတ္တာတွေထဲက တစ်ဝက်လောက်တော့ ရှိန်းခပိုင်ဆိုင်ချင်မိသည်။

"အသက်..လေးလေး ဒီည ပန်ပန်လေးနဲ့အတူ အိပ်မယ်"

"လေးလေးလည်း ဆေးရုံမှာ ဆေးစစ်သင့်တယ်။"

အသက်ပြောတာလဲ ဟုတ်သား။ဦးရာသည်လည်း ရေထဲအတော်ကြာနေခဲ့ရသည်မဟုတ်လား။

"လေးလေးက ဘာမှမဖြစ်ပါဘူး အသက်ရယ်။
တော်ကြာညဘက် ပန်ပန်လေး နိုးလို့ လေးလေးကိုမတွေ့ရင် ငိုနေအုံးမယ်"

"အသက် အထင်ဒီညတော့ လေးလေးအိမ်မှာပဲပြန်အိပ်လိုက်ပါ။တောထဲမှာ အရမ်းပင်ပန်းလာတာ အရင်အားဖြည့်လိုက်။ဒီညတော့ အသက်ပဲ ပန်ပန်လေးကို ချော့လိုက်ပါ့မယ်"

"အင်းပါ..လောလောဆယ် လေးလေးခဏစောင့်ကြည့်လိုက်မယ်"

ပြောရခက်သည့် ကလေးကြီးကြောင့် ရှိန်းခ ဝင်ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ဦးရာ..ကျနော့အထင်"

"တိတ်စမ်း..မင်းဒဏ်ရာအတွက်သာ မင်းပူစမ်းပါ။
ဆေးမစစ်ပဲ ဘာလာရပ်လုပ်နေတာလဲ"

Preciously-"U" (Completed)Where stories live. Discover now