Chapter-3🌻

6.2K 456 9
                                    

Unicode ........

"ဟင့်အင်း....မေမေ...သမီးကိုထားမသွားပါနဲ့။
မေ....မေ.!!"

မေမေ့ကို ဖမ်းသွားကြတဲ့ပုံရိပ်တွေဟာ အသက်ကိုခြောက်လန့်နေခဲ့တယ်။အိမ်မက်ဆိုးတစ်ခုဆိုရင်တောင် အသက်မျက်လုံးတွေဖွင့်လိုက်ပေမယ့် ပျက်ပြယ်မသွားဘူး။
အရိပ်တစ်ခုလို ခြောက်လှန့်နေဆဲ။
ဒီနေ့ဟာ အရိပ်မည်းတွေ ဖုံးလွမ်းတဲ့နေ့။

"ဟူး....."

သက်လွန်းခိုင် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်ပြီး စိုနေတဲ့မျက်ရည်စတွေကို လက်ဖမိုးနဲ့သုတ်လိုက်တယ်။
မျက်ရည်စတွေက ဖယ်ရှားလို့ရပေမယ့် အသက်ရဲ့နာကျင်မှုက ပျောက်မသွားဘူး။မနက်ခင်းတစ်ခုကို အသက်ငိုရှိုက်သံတွေနဲ့ စတင်ခဲ့ပြန်တယ်။

"ပန်ကိတ်လေး...ဒီနေ့ဘာနေ့ဆိုတာ သိတယ်မလား?"

"သိပါတယ်ချင့်"

အသက် အခန်းထဲကထွက်လာတဲ့ချိန် လေးလေးရာနဲ့ပန်ကိတ်လေးတို့က တွေ့လိုက်ရတယ်။
‌စိတ်ကောက်မပြေသေးပုံရတဲ့ လေးလေးကြောင့် အသက်စားပွဲဝိုင်းမှာ ဝင်ထိုင်ရင်း

"ပန်ကိတ်လေး...မမတောင်းပန်တယ်နော်။မနေ့က မမကြောင့်ကိတ်မုန့်မစားလိုက်ရဘူးမလား"

"ရပါတယ်ချင့်...သမီးက နည်းနည်းခိုးစားထားပြီးသားရယ်"

ပန်ကိတ်လေးရဲ့ စကားကြောင့် လေးလေးပြုံးသွားတယ်။ဒီလိုပါပဲ...အသက်တို့က စိတ်ကောက်လိုက် ပြန်အဆင်ပြေလိုက်။
ရယ်သံတွေ တဖန်တိတ်ဆိတ်သွားပြီးနောက် လေးလေးရာက

"အသက်...ဒီနေ့သွားမှာမလား"

လေးလေးစိတ်ချမ်းသာအောင် အသက်ခေါင်းညိတ်လိုက်တယ်။
ဒီနေ့က အသက်မေမေ ထောင်ဝင်စာတွေ့ရမယ့်နေ့။
အသက်ရဲ့ အရိပ်မည်းတစ်ခုလို့လဲ ပြောလို့ရတယ်။
အသက်အမေ့ပစ်ချင်ဆုံး အရာတစ်ခု။

"ဒါဆို..လေးလေးတို့အတူသွားမယ်နော်။
ပန်ကိတ်လေးကျောင်းမှာ စောင့်နေပေး"

"ဟုတ်ကဲ့"

အသက် စိတ်တွေမွန်းကြပ်လာလို့ မနက်ခင်းထမင်းဝိုင်းက မြန်မြန်ထွက်ခဲ့လိုက်တယ်။ဒီနေ့တော့ လေးလေးဆူငေါက်သံတွေ ထပ်ကြားရမယ်ဆိုတာကို အသက်ကြိုသိနေပြီးသားပင်။

Preciously-"U" (Completed)Tempat cerita menjadi hidup. Temukan sekarang