Chapter-4🌻

6K 416 0
                                    

Unicode.......

"ဝိုး....မိုက်လိုက်တာ..သူဌေးလေးရေ့...ဟူးးးး.!!"

မြက်ခင်းပြင်ကျယ်ကြီးမှာ ဒုန်းစိုင်းပြီး မြင်းစီးနေတဲ့ ရှိန်းခမင်းညံကို ဦးကျော်ဦး လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသည်။
ထိုအခိုက်...ကားတစ်စီး ဦးကျော်ဦးရှေ့တုံ့ခနဲ ရပ်သွားပြီး...ဆင်းလာသူမှာ ရှူးဖိနပ်အနက်ရောင်..Jean pantနဲ့ shirtအဖြူကို သပ်ရပ်စွာဝတ်ထားသော ထိုအရပ်မြင့်မြင့်ကောင်လေးမှာ။

"ဟာ..ဇွဲထက်မင်းလျှံ...ပါလား။ဘယ်လိုရောက်လာတာလဲ"

ဇွဲထက်က သူ့ရဲ့နေကာမျက်မှန်လေးကို ပင့်တင်ပြီးကာမှ

"ဒီလိုပါပဲ...ဒါနဲ့ ကိုရှိန်းခကိုယ်တိုင် မြင်းကျောင်းနေရတာလား"

"အော်..ဘယ့်နှယ်ဗျာ။အဲ့မြင်းက မနေ့တစ်နေ့ကမှ ဆရာရှိန်းခဝယ်လာတာ။နည်းနည်းထိန်းရခက်နေသေးလို့။
ကိုယ်တိုင် လာကျင့်ပေးနေတာ"

ရှိန်းခထံ လက်လှမ်းပြလိုက်ပြီး ဇွဲထက်က

"အစ်ကိုကတော့ ဘယ်တော့မှကိုမပြောင်းလဲပါလား"

မြင်းကိုတုံ့ခနဲရပ်လိုက်ပြီး ရှိန်းခ ခြံအပြင်ဘက်ထွက်ကာ ဇွဲထက်ဆီသို့လျှောက်လာသည်။

"ဟာ..ယောက်ဖ။မတွေ့တာကြာပြီ"

ပက်..!!

လက်ဖဝါးချင်းရိုက်လိုက်ကြသည်။

"နေယံရော..နေကောင်းလား။လိုက်မလာပါလား"

"နေကောင်းပါတယ် အစ်ကို။သူဒီနေ့ နည်းနည်းပင်ပန်းနေလို့ လိုက်မလာဖြစ်ဘူး အစ်ကို"

"အော်..အစ်ကို့ညီကို ဂရုစိုက်ပေးပါ။
ကျန်းမာရေးလည်း ချူချာတော့ မင်းဘက်က နားလည်ပေး"

"နားလည်ပါတယ်ဗျာ။အစ်ကိုကသာ နားမလည်တာ။ခ ကို လာတောင်မတွေ့ဘူး။ကိုရှိန်းခက အလုပ်မှာပဲ ပျော်နေတော့ ကျွန်တော်ပဲ အရင်လာတွေ့ရတာပေါ့။ဘယ်လိုလဲ..အဆင်ပြေတယ်မလား"

"မြင်တဲ့အတိုင်းပါပဲ။ဒုန်ရင်းဒုန်ရင်းပေါ့"

"ဟာ..ဒီလောက်က ဒုန်ရင်းဒုန်ရင်းလား။
Hotelကဖြင့် နာမည်ကြီးလှပြီကို။
အစ်ကိုဒီလောက်အလုပ်ကြိုးစားနေရင် လူပျိူကြီးဖြစ်တော့မယ်။
ဒေါ်ဒေါ်ကိုတော့ သနားပါတယ်"

Preciously-"U" (Completed)Where stories live. Discover now