Unicode.......
4 months later.....,
"ယောက်ျားရေ...အိမ်မှာ မမတစ်ယောက်ထဲပဲ ချန်ထားလို့ကဖြစ်ပါ့မလား...။
မွေးမယ့်ရက်က နီးနေပြီဟာ.."ခ တစ်ယောက် ခင်ပွန်းဖြစ်သူကို အင်္ကျီတွေ ကူဝတ်ပေးရင်း စကားစလိုက်သည်။
ဒီနေ့ သူတို့အတူတူ သားလေးအတွက် shoppingထွက်ဖို့ ကြံထားခြင်းပင်။ဒါပေမယ့် ခကတော့ အိမ်မှာ မမ တစ်ယောက်တည်းကို ထားသွားဖို့လဲ ဝန်လေးနေပြန်သည်။
စိတ်ညစ်နေဟန်ပေါ်တဲ့ ခရဲ့ မျက်ခုံးတန်းလေးတွေကို ဇွဲထက်မင်းလျှံက လက်နဲ့ထိလိုက်ပြီးမှ..."အများကြီးမတွေးပါနဲ့။ မမက အတွေ့အကြုံရှိပြီးသားဆိုတော့ ဂရုစိုက်နိုင်လောက်ပါတယ်။
တစ်ခုခုဆို ကိုယ်တို့ အမြန်ပြန်လာကြမယ်ဆို။
ကိုယ်တစ်ယောက်တည်းကျတော့ ခလေးပစ္စည်းတွေ မဝယ်တတ်ဘူး။"ဆိုတော့မှ ခလဲတွေးမိသည်။ သူကိုယ်တိုင်ကလဲ မဝယ်တတ်သူပင်ဖြစ်သည်။ ခလေးသေးသေးလေးတွေဆို ဘာလိုမလဲကို မတွေးတတ်ဖြစ်နေသည်။
"ခ အထင် မမကိုမေးမှ ထင်တယ်"
ဇွဲထက်က လက်တစ်ဖက်ခါးထောက်လိုက်ပြီးမှ
"ကိုယ့်အထင် ခမမ က မနိုးလောက်သေးဘူး။
အိပ်ရေး ဝဝအိပ်ပါစေလေ"ခ တွေးကြည့်တော့လဲ ဟုတ်နေသည်။ အခုတလော မမက အရမ်းအိပ်လာသည်။ ညဘက်ဆို ကလေးလှုပ်လို့ အိပ်မရဘူးပြောသည်။
မနက်ကျ မထနိုင်ဖြစ်နေရရှာသည်။ ခ တကယ်ကို သနားမိသလို ခကိုယ်တိုင်ပဲ သားလေးကို လွယ်ထားမိချင်သည်။"ဘာတွေတွေးနေတာလဲ...ရွတ်"
ရုတ်တရက် ပါးထဲနှစ်ဝင်သွားတဲ့ အထိအတွေ့နဲ့မှ ခ အသိကပ်လာကာ ဇွဲထက်ကို ကြည့်လိုက်သည်။
ခရဲ့ လုံးဝကို ခန့်ချောနေတဲ့ အမျိူးသားကြီးနဲ့ အပြင်မထွက်ရတာ ကြာပြီလေ။ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ..?"အဆင့်သင့်ဖြစ်ပြီ။သွားကြရအောင်..ယောက်ျား"
ဇွဲထက်က ခလက်လေးကို ဆုပ်ကိုင်ကာ ကားထဲနေရာချပေးရင်း Shopping mallသို့ထွက်ခဲ့သည်။
မနက်စောစောဖြစ်တာတောင် လူသူကတော့ ကင်းမနေပေ။
ကားပါကင်မှာ ကားကိုသေချာထိုးရပ်လိုက်ပြီး နှစ်ယောက်အတူ ဝင်ခဲ့ကြသည်။
ဇွဲထက်က ခရဲ့လက်ကိုလည်း လွတ်မပေးဘဲ မြဲမြံစွာကိုင်ထားသည်မှာ အဝေးကကြည့်ရင်တောင် လင်လင်တွေမှန်း သိသာစေသည်။
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...