Chapter-36🌻

4.3K 321 42
                                    

Unicode........

"အမယ်လေး..!ငါ့ဆီပေါ်လာသေးတယ်နော်။
အခုတလော ပန်ပန်လေးကိုလည်း ခေါ်မလာပါလား"

မိုနိုက မုန့်နဲ့လက်ဖက်ရည် ချပေးရင်း အရာ့ကိုမေးသည်။

"အင်း..ပန်ပန်လေးကို သူ့အဖေအရင်းက စောင့်ရှောက်ပေးနေလို့"

"ဘယ်လို ...ဘယ်လို ..!
ဘာတွေလဲ?
ငါဘာမှမသိလိုက်ပါလား?
ဆေးရုံမှာ ပန်ပန်လေးကိုသွားတွေ့တုန်းကလဲ ဒီ‌အကြောင်းတွေ ငါ့ကိုမပြောဘူး"

မိုနိုက ခါးထောက်ရင်း အော်ဟစ်မေးမြန်းတော့သည်။
အရာက ဖြစ်ကြောင်းကုန်စင်တွေကို ရှင်းပြလိုက်တော့ မိုနိုဒူးတွေပျော့သွားသလို ထိုင်ချကာ

"ဒါဆို ပန်ပန်လေးက တကယ်ပဲ အသက်ကလေးလား..?
ပြီးတော့ ဇွဲထက်မင်းလျှံနဲ့ ရထားတာပေါ့။
ဒါနဲ့ ဇွဲထက်မင်းလျှံက gayမဟုတ်ဘူးလား.?"

အရာ စဉ်းစားသလို လုပ်ပြီးမှ

"ငါလဲ အဲဒါတွေ နားမလည်ဘူး။
သူက biများလား..?"

"ဒါဆို သူက အသက်ကို တာဝန်ယူမှာတဲ့လား..?"

"မဖြစ်နိုင်လောက်ဘူး။ အခုက အရာရာနောက်ကျသွားပြီလေ။
ငါ ဇွဲထက်မင်းလျှံကို နားလည်တယ်။
သူ့မှာလဲ အခုအိမ်ထောင်တစ်ခုရှိနေတယ်။ သူ့အိမ်ထောင်ဖက်က ကောင်လေးတစ်ယောက်ပဲ ဆိုပေမယ့် ထားပစ်ဖို့က မတရားဘူးမို့လား?
မင်းရောငါရော သူ့နေရာဝင်ခံစားကြည့်လိုက်။
ပြီးတော့ ဇွဲထက်က နေယံခကို ချစ်ရှာတယ်‌လေ။
သူအခု သူ့သမီးလေးကို ပိုပြီးအချိန်ပေးချင်တယ်ဆိုလို့ ငါတို့ခွင့်ပြုလိုက်တာ။"

မိုနို ခေါင်းလေးညိတ်ပြီးကာမှ...

"ဒါဆို အသက်လေးက ဇွဲထက်ကို ချစ်နေသေးလား..?
တကယ်လို့သာ ချစ်နေသေးရင် အရမ်းသနားဖို့ကောင်းတယ်"

"ငါ့အထင် အသက်က ချစ်နေသေးတယ်။
ဟိုတစ်ခါပဲကြည့် မူမူခင် ခြိမ်းခြောက်တဲ့ချိန်က သူပြေးထွက်သွားတယ်လေ။
ငါအသက်ကို သနားပေမယ့် ငါတို့ဘာမှမတတ်နိုင်တော့ဘူး။
ဒါဟာ ကံတရားပဲ။ ဆုံစည်းဖို့မဖြစ်နိုင်တော့ဘူး။
အထူးသဖြင့် နှလုံးသားနှစ်ခု ထပ်တူမကျတော့တာပေါ့"

Preciously-"U" (Completed)Where stories live. Discover now