Chapter-49🌻

4.2K 265 5
                                    

Unicode..........

အေပရွန်ဝတ်ရင်းနဲ့ ဟင်းတွေချက်နေတဲ့ လေးလေးရာရဲ့ နောက်ကျောလေးကို ကြည့်ရင်း အသက်စကားဆိုလိုက်သည်။

"လေးလေးရာ လက်ရာကိုလွမ်းနေတာ..အခုမှပဲ အသက်တို့ အတူတူပြန်စားရတော့မယ်"

"လေးလေးလဲ အခုမှ အသက်တို့အတွက်ပြန်ချက်ပေးရတော့ ရင်တောင်ခုန်တယ်...ကြိုက်ကြပါ့မလားလို့လေ"

လေးလေးရာက ပြောသာပြောတာပါ။ သူကအမြဲတမ်း လုပ်လေ့လုပ်ထရှိနေတဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်နေတော့ အသက်တို့အကြိုက်တွေချည်းသာ။

"အမယ်လေး...လေးလေးရယ်။
အသက်တို့ လေးလေးလက်ရာပဲ ထိုင်စားလာတာ ဒီအရွယ်ထိ။
မကြိုက်စရာရှိပါ့မလား..?
တကယ်တော့ မေမေလဲ လေးလေးလက်ရာကို လွမ်းနေတာပဲ။"

"ဟုတ်လား..?နောက်ဆို မကြာ မကြာ လာချက်ကျွေးမယ်လေ"

အသက်ကတော့ မကြာမကြာဆိုတာကြီးကို လန့်သည်။
တော်ကြာ သူ့လူကြီးက အသက်တို့ကို လေဆာရောင်ခြည်နှင့်ပစ်ပါလိမ့်မည်။
အစ်ကိုရှိန်းခ က လေးလေးရာအပေါ်မှာ တုန်နေအောင် ချစ်လိုက်တာမှ အသက်တို့ခိုင်းစားမှာတောင် ကြောက်နေသလိုပင်။
တကယ်တော့ လေးလေးရာက သူ‌လုပ်လေ့လုပ်ထအတိုင်း အသက်တို့ကို ဂရုစိုက်တာက အကျင့်ပင်ဖြစ်နေပြီလေ။
ဒါပေမယ့် အခုတော့ အသက်တို့က တားရပေတော့မည်။

"အသက်တို့ နောက်ဆို ညစာအတူစားကြတာပေါ့။
မကြာခဏတော့ မချက်ကျွေးလဲ ရပါတယ်လေးလေးရယ်။
အဝေးကြီးကို သွားနေလာနေရတာ။"

"အင်းပါ"

လေးလေးရာလည်း အထာပေါက်သွားသလို ဘာမှဆက်မပြောတော့ချေ။

"အသက်လေးရေ...လေးလေးကိုပဲ ကူမနေနဲ့။
ပန်ပန့်ကိုသွားကြည့်အုံး...ဘာတွေလုပ်နေလဲလို့"

"ဟုတ်ကဲ့ပါရှင်"

လေးလေးကတော့ အခုထိ ကလေးတဲ့ပက်သက်ရင် အသက်ထက်ကို စိုးရိမ်ပူပန်တတ်နေတုန်းပင်။
အသက် မီးဖိုချောင်ကထွက်လိုက်တာနဲ့ ပန်ပန့်အသံစူးစူးကို တန်းကြားရတော့သည်။

"ဖေဖေ ထမင်းစားပြီးပြီလား..?"

(မစားရသေးဘူး..ပန်ရေ။
ဘာလဲ...ဖေ့ကို ခေါ်ကျွေးမလို့လား..?)

Preciously-"U" (Completed)Where stories live. Discover now