Chapter-2🌻

8.2K 509 7
                                    

Unicode......

1....2.......3
သုံးစက္ကန့်လောက် အချိန်တွေ ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ဖိကပ်ထားမိတဲ့ နှုတ်ခမ်းပိုင်ရှင်ရဲ့ မျက်လုံးတွေကလည်း ပြူးလို့....။
အမြန်ပြေးလာရလို့လားပဲ....နှလုံးတွေ တဖတ်ဖတ်နဲ့တုန်နေတာ။

"အော်...အဖွေးလေးက လတ်စသတ်တော့ လင်ရှိနေတာကိုး!"

အနောက်ကနေ ထွက်လာတဲ့ အသံကြားမှ ထိုကောင်လေးရော ကျွန်တော်ပါ မတ်တပ်ရပ်လိုက်တယ်။
ရှိန်းခမင်းညံ သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်ပြီးမှ

"ကျွန်တော်က သူ့လင်မဟုတ်ဘူး!
ဂေးဖြစ်ခဲ့ရင်တောင် သူ့လို ခလေးလိုလို လူကြီးလိုလိုဟာကို မယူနိုင်ဘူး"

အရေးထဲမှ စကားနာလာထိုးတဲ့ အကောင်ကရှိသေး။

"အောင်မာ...လူကိုများ။ငါကရော မင်းကိုလင်တော်ချင်တယ်များမှတ်နေလား?"

"ဒါဆို ကျူပ်နှုတ်ခမ်းကို ဘာလို့လာနမ်းလဲ?"

"အဲဒါက မတော်တဆလေ"

နှစ်ယောက်သား ရန်သူကိုမေ့ပြီး ငြင်းခုန်နေတော့

"ဖယ်စမ်း...လင်ရှိလည်း လင်ကိုရိုက်ပြီးကို ခေါ်သွားမယ်"

ဘုန်း...!!!

ရုတ်တရက် အရာလက်ကို လာဆွဲတဲ့ကောင်ကို ရှိန်းခမင်းညံ ဖုန်းခနဲ ကန်လိုက်သည်။

"အ...အ"

"လာ..မြန်မြန်"

ပြီးတော့ အရာလက်ကို ဆွဲပြီးပြေးတယ်။သူ့ရဲ့ ခြေတံရှည်ကြီးနဲ့ ဆွဲပြေးတော့ ကျွန်တော့မှာ တရွတ်တိုက်မတတ်။

"ဟောဟဲ...ဟောဟဲ...လိုက်မလာတော့ဘူးထင်တယ်။"

"ဟူး....!!"

သူ့ရဲ့ခြေလှမ်းတွေ ရပ်လိုက်တော့မှ အရာအသက်ပုံမှန်ရှူဖြစ်တယ်။

"ဟော ...ဟော...ဟဲ....ဟောဟဲ...အင်း..!!'

"ဘာလဲ...ခင်ဗျားက မတရားမောနေတာပေါ့"

ဒီလောက်ဆွဲပြေးခံရတာတောင် မမောတဲ့လူကရှိမလား။

"မောတာပေါ့ကွ..မင်းကခြေလှမ်းကျဲကြီးနဲ့ ဘာလို့ဆွဲပြေးရတာလဲ?"

Preciously-"U" (Completed)Where stories live. Discover now