Unicode.........
ဒူ____ဒူ____ဒူ___လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်တွင်း ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်...
ခ ဇွဲရဲ့ ဖုန်းနံပါတ်လေးကို ၁၅မိနစ် တစ်ခါ ခေါ်နေမိသည်။
အကြောင်းကတော့ မနက်ကတည်းက ကိုယ့်ကို စိတ်ပူလို့ မကြာမကြာ ဖုန်းခေါ်နေသော ခင်ပွန်းဖြစ်သူဟာ အခုတော့ ပြန်စာလဲ မလာ...ဖုန်းခေါ်တော့လည်း မကိုင်သောကြောင့်ပင်။
တစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ဘူးမလား..?
ခ သူ့အတွေးနဲ့သူ ကြောက်ရွံ့ကာ လက်မကို ကိုက်ရင်း ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေလေသည်။"မတွေးနဲ့...နေယံခ..! မကောင်းတာတွေ လျှောက်မတွေးနဲ့။
ဇွဲက ပြန်လာမှာ။
ခဆီ သေချာပေါက် ပြန်လာမှာပါ။ "တုန်တုန်ယင်ယင်နဲ့ ရေရွတ်နေပြီး ခဏအကြာမှာတော့ ခ ဖုန်းထဲက contactတစ်ခုကို ရှာဖွေလိုက်တယ်။
အဲဒါကတော့ မမသက်ရဲ့ ဖုန်းနံပါတ်ပဲ ဖြစ်တယ်။
ခေါ်လေ့မရှိတဲ့ ဒီနံပါတ်စိမ်းလေးကို ခ နှိပ်ဖို့ ခက်ခဲနေတယ်။
မမသက်နဲ့ စကားပြောဖို့တောင် ကြောက်ရွံ့နေတာ ခက သူခိုးမို့လို့လား?
ခ က ဘာကောင်ကြီးလဲ ဆိုတာ ခမသိပေမယ့် မမသက်နဲ့ ပြောဆိုဖို့က ခရင်ထဲ တော်တော်လေးလံတဲ့ အရာတစ်ခုဖြစ်တယ်။ဒါပေမယ့် ခ စိတ်ကို ဖျောင်းဖြလိုက်တယ်။ ဒါတွေက ကံတရားအရပါ။ ကံတရားအရ..အင်း... ခ ဘာမှမမှားဘူး။
ဇွဲကို စိတ်ပူနေတယ်။ ဇွဲသာ တစ်ခုခုဖြစ်တာ မဟုတ်ဘဲ ဒီည မမသက်တို့အိမ်မှာ ဆိုတာလေး သိခွင့်ရရင် ကျေနပ်ပြီ...ဟု ထေးမှတ်ကာ အသက်ပြင်းပြင်းရှိုက်သွင်းကာ ထိုနံပါတ်ကို သူထိလိုက်တယ်။ဒူ__ဒူ__ဒူ..... ဖုန်းဝင်သွားတဲ့ ခဏမှာပဲ တစ်ဖက်က နူးနူးညံ့ညံ့အသံ ပေါ်ထွက်လာတယ်။
(နေယံခ လား? ဘာကိစ္စရှိလို့လား..)
"ဟုတ်...ခ အခုလို ညအချိန်မတော် ခေါ်ရတာ တောင်းပန်ပါတယ်ဗျ။ ဇွဲ အခု မမသက်တို့နဲ့အတူ ရှိနေလားဟင်?"
(မရှိပါဘူး ...ခရယ်။ သူ မနက်တည်းက ဆေးရုံကို လိုက်သွားမယ်ဆိုပြီး ပြန်ပေါ်မလာဘူး။
ဘာများဖြစ်လို့လဲဟင်..?)
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...