Chapter-13🌻

4.3K 359 6
                                    

Unicode........

ချပ်.........ချပ်........ချပ်!

နံရံထက်က နာရီသံတချပ်ချပ်ကသာ ခရဲ့စိတ်ကိုအစိုးရနေသည်။
အချိန်အားဖြင့် မနက်၉နာရီတောင်ထိုးတော့မည်။ ဘယ်ကိုသွားပြီး ပေါ်မလာသေးလဲ မသိ။ဖုန်းကလည်း ထားသွားတဲ့သူကို ခမျော်နေမိသည်။ ဆေးရုံကနေ ပြန်လာကတည်းက အဝတ်မလဲဘဲ စိတ်ပျက်လက်ပျက်သာ ဆိုဖာပေါ်ထိုင်နေမိသည်။

တင်းတောင်~တင်းတောင်....

အိမ်ရှေ့လူခေါ်ဘဲလ်ကြောင့် မြန်မြန်မတ်တပ်ရပ်လိုက်ပြီးမှ ကြောင်သွားသည်။

"ဘဲလ်နှိပ်ရင် ဇွဲတော့မဖြစ်နိုင်ပါဘူး။ဘယ်သူပါလိမ့်"

လေးလံသော ခြေလှမ်းတွေနဲ့ အိမ်ရှေ့ကိုလျှောက်သွားပြီး တံခါးဖွင့်လိုက်မှ

"အယ်...ခ,လေး မျက်နှာလည်းမကောင်းပါလား"

"အမေ..!"

ဇွဲရဲ့အမေက ကျနော့ရဲ့ဖြူဖျော့ပြီး စုတ်ဖွာနေတဲ့ပုံစံကြောင့် စိုးရိမ်တကြီးမေးလာတယ်။

"ရန်ကုန်လာလည်တာ အဆင်ပြေရဲ့လားလို့...အမေလာကြည့်တာ"

"ဟုတ်...ပြေပါတယ်ဗျ"

"ပြေပါတယ်သာပြောတာ ခ,လေးရဲ့မျက်နှာက ဖြူဖျော့နေတာပဲ။မနက်စာရော စားပြီးပြီလား"

"မစားသေးဘူး အမေ..သားဇွဲကို စောင့်နေတာ"

ဧည့်ခန်းမှာ ထိုင်တော့မလိုနဲ့ အိမ်ပတ်လည်ကိုကြည့်ပြီးမှ မေမေကပြောလာသည်။

"ဟယ်တော့...ဒီအချိန်ထိ စောင့်နေတာဆိုတော့ ညကသားကဘယ်မှာသွားအိပ်တာလဲ..?"

ခ စိတ်ညစ်နေတာနဲ့ ဆံပင်တွေကို ဖွလိုက်ပြီးမှ

"သားလဲမသိဘူး...သူ့ဖုန်းလဲထားခဲ့တယ်"

"ဒီကောင်လေးတော့ ....ပြန်လာရင်တွေ့မယ်။
ခဏစောင့် သားအတွက် မေမေပေါင်မုန့်ကြက်ဥကြော်ပေးမယ်"

မီးဖိုခန်းထဲဝင်ပြီး မေမေအလုပ်ရှုပ်နေချိန် ခန့်ညားတည်ငြိမ်စွာနဲ့ အိမ်ထဲသို့လျှောက်ဝင်လာသူမှာ ဇွဲ။
ဆိုဖာပေါ်မှာထိုင်‌‌ေန တဲ့ ခ ကိုတစ်ချက်မှမကြည့်ဘဲ ဖြတ်လျှောက်သွားတော့မယ့် သူကို....ခ မနေနိုင်စွာ မတ်တပ်ရပ်ပြီးမေးလိုက်သည်။

Preciously-"U" (Completed)Where stories live. Discover now