Unicode.......
ခ နိုးနိုးချင်း လက်က အလိုအလျောက် နွေးထွေးမှုတစ်ခုကို ရှာဖွေမိတော့တယ်။
မျက်လုံးမဖွင့်နိုင်သေးခင် သူ့လက်တွေနဲ့ အိပ်ယာပတ်လည်ကိုစမ်းကြည့်လိုက်သည်။"အင့်...ဟင်း"
ဘာမှ စမ်းမရတော့ ခ ညည်းညူမိသည်။
ထိုစဉ်တွင် ခရဲ့နဖူးပြင်ထက်က ဆံနွယ်လေးကို လက်နဲ့ဖွဖွ ဖယ်ပေးရင်း"ကိုယ့်ဇနီးလေးက ဘယ်တုန်းက ဒီလို အိပ်ပုတ်ကြီးသွားရတာလဲ..ဟင်"
ကုတင်စောင်းမှာထိုင်ကြည့်နေတဲ့ ခ မျက်စိကလေး လှန်ကြည့်ပြီးမှ
"ခ က အပ်ပုတ်ကြီးတာမဟုတ်ပါဘူး။
ဇွဲရဲ့ခလေးလေးက အိပ်ရေးမဝသေးဘူးဆိုလို့"ခရဲ့နှာထိပ်လေးကို ဇွဲဖျစ်ညစ်လိုက်ကာ
"အခုရော...ကိုယ်တို့ခလေးလေးက ဘာပြောလဲ?
မံမံစားမယ်တဲ့လား"ခ က သူ့ဗိုက်လေးကို စမ်းကြည့်ပြီးမှ အင်း ဟု ခေါင်းညိတ်ပြလာသည်။
"လာ...ကိုယ့် ဇနီးရော ခလေးရော ကိုယ်မျက်နှာသစ်ပေးမယ်"
ခရဲ့ ကိုယ်သေးသေးလေးကို ဇွဲထက် ပွေ့ချီသွားကာ
ဘေစင်ပေါ်တင်လိုက်သည်။
သူကိုယ်တိုင် မျက်နှာသန့်စင်ပေးကာ မျက်နှာသုတ်ပုဝါနဲ့ ဖွဖွလေးသုတ်ပေးသည်။
သွားတိုက်တံပေါ် သွားတိုက်ဆေးညစ်ကာ ခ ကိုပါးစပ်ဟစေသည်။"အာ"
ခ ပါးစပ်ဟတော့ ဇွဲက ခပ်ဖွဖွလေး သွားတိုက်ပေးသည်။
နောက်ဆုံး ပလုတ်ကျင်းဖို့ရေတောင် သူကိုယ်တိုင် တိုက်သည်။
အားလုံးပြီးသွားတဲ့အခါ ခလေးလေးကို မှန်တင်ခုံထိ ပွေ့လာကာ ခေါင်းဖြီးပေးသည်။
အပြုအမူတစ်ခုချင်းစီတိုင်းကို ခ က ကြည့်နေရင်းက"ဇွဲသာ မမသက်နဲ့ လက်ထပ်ဖြစ်ခဲ့ရင်လည်း အခုလိုလေး ဂရုစိုက်ပေးမှာပဲနော်"
ဇွဲ က ခအနောက်မှာထိုင်ရင်း ခကိုယ်လေးကို ဖက်တွယ်ကာ ခပုခုံးပေါ် မေးတင်ရင်း....
"ခ ရယ်။ ဘာလို့ အဲ့လိုတွေ လိုက်တွေးနေတာလဲ...?
အခုကိုပဲကြည့် အခုကိုယ့်ရဲ့ မိန်းမလေးက ဒီက နေယံခ ဆိုတော့ အဆိုးလေးပဲရှိတယ်။
နော်.."
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...