Chapter-12🌻

4.7K 380 11
                                    

Unicode.......

အိစက်နေတဲ့မွေ့ယာကြောင့် အရာအိပ်နေရင်းပြုံးလိုက်တယ်။
အင်း...ခေါင်းလည်းကြည်လာပြီ။
မနေ့ညကသာ အဖျားတွေတက်နေတာ..မနက်ကျ ကိုယ်မဟုတ်တဲ့အတိုင်း။ပန်ကိတ်လေးကို သွားကြည့်ဖို့ စိတ်က အစိုးရနေပေမယ့် ကိုယ်ကမထနိုင်သေး။

"အင်း..အိပ်လို့ကောင်းလိုက်တာ...."

"ဟမ်..!"

တစ်ဖက်သို့စောင်းအအိပ် လက်ကထိမိတဲ့ပျောစိစိအရာကြောင့် အရာမျက်လုံးဖွင့်ကြည့်လိုက်တော့ မနေ့တစ်နေ့က ပုံရိပ်အတိုင်း အရာ့နံဘေးမှာ ရှိန်းခမင်းညံ။
လှန်တင်နေကျ သူ့ဆံပင်တွေက ဖရိုဖရဲနဖူးမှာဝေ့ဝဲလျက်။
ကောင်လေးရဲ့ ခပ်ထူထူမျက်ခုံးက အရာကိုလှောင်ပြောင်နေသယောင်ယောင်။
သူ့ရဲ့မျက်နှာက အရာနဲ့အရမ်းနီးလွန်းနေတယ်။ဝင်သက်ထွက်သက်တိုင်က အရာ့ပါးပြင်ကို ရိုက်ခတ်သွားတယ်။

ဒါပေမယ့်......အားးးးး...!!..  .... ......အရာ့ကိုယ်ပေါ်မှာ အဝတ်တစ်ခုမှကပ်မနေပေ။
သူ့ရဲ့အပေါ်ပိုင်းမှာလည်း အင်္ကျီဝတ်မထား။

"အားးးး..!!"

ဒုန်း..!!

"အ..!ဘာလို့ကျနော့ကို ကန်ချတာလဲ..!"

အရာလန့်လန့်နဲ့ သူ့ကိုယ်ကို ကုတင်ပေါ်မှ ကန်ချပစ်သည်။

"မင်း...မင်းက straightယောင်ဆောင်ထားတဲ့gayလား?"

"ဗျာ..!"

ရှိန်းခ အိပ်ချင်မူးတူးနဲ့ နားမလည်နိုင်စွာ အူကြောင်ကြောင်ဖြစ်နေသည်။
ရှိန်းခ ဘာမှပြန်မဖြေနိုင်သေးခင်...

"မင်း..မင်းgayဆိုရင်တောင် ဖျားနာနေတဲ့ လူအပေါ်မှာ အခွင့်အကောင်းယူစရာလား..!ဟမ်..!"

"ဘာ...!"

ဦးရာနှာခေါင်းထိပ်လေး ရဲတက်လာကာ သူ့အောက်ပိုင်းကိုကြည့်လိုက် အော်ဟစ်လိုက်လုပ်တော့မှ ရှိန်းခနားလည်လာသည်။
သူ့ကိုယ်ပေါ်မှာ ဘာအဝတ်မှမရှိလို့ အထင်လွဲသွားပုံရသည်။
ဘယ်လောက်ရယ်စရာကောင်းတဲ့ လူကြီးလဲဗျာ...။

"အဟက်...ကျနော် ဦးရာကို ဘာမှမလုပ်ပါဘူး။
ဆေးလေးတစ်လုံးလောက်တိုက်လိုက်ရုံပါ"

Preciously-"U" (Completed)Onde histórias criam vida. Descubra agora