Chapter-41🌻

3.6K 273 33
                                    

Unicode.......

3 months Later......(3 လခန့်ကြာသော်)

ပေါင်ချိန်စက်ပေါ်က 125 lbsကို ထိုးပြနေတဲ့ လက်တံလေးကြောင့် နေယံခ တစ်ယောက် ဇွဲထက်ကို မျက်လုံးလေး ပေကလပ် ပေလကလပ်နဲ့ ကြည့်လာတော့သည်။
ဇွဲကတော့ သူ့ကို လက်ပိုက်ကြည့်ကာ သက်ပြင်းချလိုက်ပြီးမှ

"ဘယ်လိုဖြစ်ပြီး ပေါင်ချိန်က တက်မလာရတာလဲ..?
ပေါင်ချိန် 125 က နည်းလွန်းတယ်လေ ခရဲ့...
ကိုယ် ခကို ပြောသားပဲ အစားများများစားပါဆို။
အခု ကိုယ်ခကို ကြည့်ရတာ ပိန်လွန်းတယ်"

ခ  ပေါင်ချိန်စက်ပေါ်ကနေ ဆင်းလိုက်ပြီး ဇွဲထက်ရင်ခွင်ထဲ ပြေးဝင်ဖက်တွယ်လိုက်ကာ

"ခ ကိုမဆူပါနဲ့။
ခ လဲ အာဟာရရှိ‌တာတွေ စားပေးနေပါတယ်။
ခ ဒီ့ထက်ပိုမစားနိုင်တော့ဘူး"

ဇွဲသူ့ရဲ့လက်မောင်းတွေနဲ့ ခကိုရစ်ပတ်လိုက်ကာ

"ကိုယ် ခကို မဆူရက်ပါဘူး။
ကိုယ်က ကလေးလေးကိုစိတ်ပူလို့ပါ။
ကိုယ့် ခ လေးကလည်း ပိန်လွန်းနေလို့များလား?"

သူက ခရဲ့ ဗိုက်ကလေးကို ထိလိုက်ပြီးမှ

"ခ ရဲ့ ဗိုက်ကလေးက ဘာမှသိသာမလာဘူး။
ကိုယ် တကယ် ဖခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မယ်မှန်းမသိပေမယ့် ကလေးလေးကိုတော့ ကိုယ်အရိပ်တကြည့်ကြည့်ရှိမိတယ်။
3လ က နည်းနည်းတော့ သိသာသင့်တယ် မဟုတ်လား..?"

ခ မျက်နှာလေးလဲ အရောင်ပြောင်းသွားကာ

"ကိုယ်ပြောတာလဲ ဟုတ်ပါတယ်။
ခ အထင် သုံးလက သိပ်မသိသာလောက်သေးတာနေမှာ။
ပြီးတော့ ခတို့က normal pregnantမှ မဟုတ်တာ"

"ဘာပဲဖြစ်ဖြစ် ကိုယ်တော့ စိတ်ပူတယ်။
ကိုယ်တို့ ဆေးရုံသွားရအောင်နော်။
တစ်ခုခုဆို အချိန်မှီအောင်ပါနော်..."

တစ်လ တစ်ခါသာ ရက်ချိန်းခေါ်သေးတဲ့ ဆေးရုံကို ဇွဲတစ်ယောက် ခဏခဏ သွားခိုင်းသည်။
ဆရာဝန် ရှင်းပြရတာလဲ အာပေါက်မတတ်ပင်။
အရင်တစ်ခါသွားထားတာ တစ်ပတ်တောင်မရသေးပဲ အခု ထပ်သွားချင်နေတယ့် ဇွဲကို ခ တားချင်ပေမယ့်
သူမတားရက်ပေ။

"ဟုတ်ပါပြီ"

ခ ခေါင်းညိတ်လိုက်တာနဲ့ ဇွဲခကို အပေါ်ထပ်လေး ဝတ်ပေးကာ လိုအပ်တာများ ယူပြီး လက်တွဲခေါ်လာသည်။

Preciously-"U" (Completed)Where stories live. Discover now