Chapter_27🌻

4.3K 306 7
                                    

Unicode........👇

အန်တီကြီး တစ်ယောက်နဲ့အတူ လက်တွဲရင်း ရောက်လာတဲ့ မမမြကလည်း အသက်နဲ့ ကျနော့ကို အူကြောင်ကြောင်ကြည့်နေပြီးမှ အသိဝင်လာကာ

"အာ...ငါ့ကို ဘာလို့ဒီကို ခေါ်လာတာလဲ?
ငါ...ငါတို့ နေရာမှားလာပြီထင်တယ်"

ခပ်တိုးတိုးရေရွတ်ကာ နောက်ဆုတ်လှည့်ပြန်ဖို့ အလုပ်

"ဟေး...ဘယ်သွားမလို့လဲ?
အန်တီ ကိုယ့်သမီး မင်္ဂလာဆောင်မှာ ရှိနေဖို့ လိုတယ်လေ"

"ဟမ်..!!!!!"

မူမူခင်ရဲ့ စကားကြောင့် ခန်းမထဲရှိ ဝန်ထမ်းများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

"မ...မဟုတ်ဘူး။
ငါ..က အသက်လေးရဲ့ အမေမဟုတ်ဘူး။
သူတို့အိမ်က အိမ်ဖော်ပါ..."

မမမြ တုန်တုန်ယင်ယင်နဲ့ ငြင်းဆန်နေပေမယ့်

"ဘာတွေ ညာနေအုံးမှာလဲ?
ဒီက သူဌေး လက်ထပ်မယ့် သက်လွန်းခိုင်ဟာ သူ့ကိုယ်ရေးအချက်အလက်မှာ ဖြည့်ထားသလို သူ့အမေက မသေသေးဘူး။
သူ့အမေက ဒီမှာ ရပ်နေတဲ့ အန်တီကြီးပဲ။
သူ့အမေက မူးယစ်နဲ့ ထောင်ကျထားလို့ သူ့ဂုဏ်သိက္ခာ အတွက်နဲ့ လိမ်ထားတာ။
သူ့အမေကိုများ...အိမ်ဖော်တဲ့...ကျန်း...ဘယ်လောက်ယုတ်မာတဲ့ သမီးလဲ..?"

မူမူခင်က အသက်ကိုစူးစူးရဲရဲကြည့်ကာ ရှင်းပြသည်။
အားလုံးရဲ့တအံ့တသြ အကြည့်ကလည်း အသက်ဆီမှာ။

"မဟုတ်ဘူး...နင်လိမ်နေတာ။
ငါ့ကို တမင်သက်သက်ဒီကို မျှားခေါ်လာတာ။
နင် မမလေးသက်ကို မနာလိုဖြစ်နေလို့"

"ဟဟဟား.."

မူမူခင် ခပ်ဟဟ ရယ်လိုက်ပြီးမှ မမမြ ဆီလျှောက်သွားကာ

"ကျွန်မ လိမ်နေတာ ဟုတ်မဟုတ် ရှင့်ဘေးက သူငယ်ချင်းကသိပါတယ်။
အန်တီ့ရဲ့ သူငယ်ချင်းက တကယ်တော့ ကျွန်မရဲ့ အဒေါ်တစ်ယောက်ပဲ။
ရှင်နဲ့အတူ ထောင်ထဲမှာ အိုးစားဖက်တွေဖြစ်ခဲ့တာလေ။
ဒါတွေ အားလုံးသူပြောပြထားတာပဲ"

"သူငယ်ချင်း...ငါတောင်းပန်တယ်။ ငါဘာဖြစ်မယ်မှန်းမသိလို့ ငါပြောပြမိတာ"

မမမြရဲ့ သူငယ်ချင်းဟာ ဘုမသိ ဘမသိဖြစ်နေရာက မမမြကို တောင်းပန်တော့သည်။
အခြေအနေအားလုံး တိတ်ဆိတ်နေချိန် ဥက္ကဌရဲ့ အသံထွက်ပေါ်လာသည်။

Preciously-"U" (Completed)Tahanan ng mga kuwento. Tumuklas ngayon