Unicode........
"မမရေ...အားတင်းထားပါနော်...!!"
"အား....ရတယ်..ခလေး...မမ ဖြစ်ပါတယ်"
လူနာ trollyပေါ်မှာ ဗိုက်နာလွန်းလို့ ရှုံ့မဲ့နေတဲ့ မမကို ခ က လက်တွေဖျစ်ညစ်ရင်း အားပေးနေသည်။
မမ ကိုကြည့်ရင်း ဇွဲထက်ကတော့ ဘာပြောလို့ပြောရမလဲကို မသိတော့ပါ။
ချွေးဇောများ ပျံကာ ခြေတွေလက်တွေပါ အေးစက်ကုန်သည်။
မသိရင် သူကပဲမွေးရတော့မလိုလိုပင်။"ကဲ....ယောက်ျားဖြစ်သူ တွေအကုန်အပြင်မှာ နေခဲ့..!
ကလေးခေါင်းတောင် ပြူနေပြီ..!"သူနာပြုဆရာမများက သူတို့နှစ်ယောက်ကို အပြင်မှာ နေခဲ့ရန် တားမြစ်ကာ မွေးခန်းထဲသို့ တွန်းသွားလိုက်သည်။
ထိုနေရာမှာ ကျန်ခဲ့တဲ့ ခရော ဇွဲထက်ပါ ထိုင်မရ ထမရဖြစ်နေသည်။
ခ က ဇွဲထက်အနားကို လျှောက်လာကာ...."မမ ဘာမှမဖြစ်လောက်ပါဘူးနော်..ကျားကျား..!
သားသားလေးရေ...မမကို အရမ်းမနှိပ်စက်ပါနဲ့နော်။
ဖေတို့က သားလေးကို စောင့်နေတယ်"ဟုဆိုကာ ဇွဲထက်ရင်ခွင်ထဲ ဝင်ပြီး တင်းတင်းဖက်ထားလိုက်သည်။ဇွဲက ခရဲ့ကိုယ်လေးကို ပွေ့ဖက်ကာ
"ဘာမှဖြစ်မှာ မဟုတ်ဘူး။ကိုယ်ပြောတာယုံ...ယံယံလေးက ကိုယ့်သားလေးမဟုတ်လား..?
ဘယ်လောက်သန်မာ မလဲ..!ကိုယ်တို့ ကျက်ထားတဲ့ အင်္ဂုလိမာလသုတ် ရွတ်ရင်း စောင့်ကြမယ်လေ"ညတိုင်း အတူကျက်ထားတဲ့ အင်္ဂုလိမာလသုတ်ကို နှစ်ယောက်အတူ ရွတ်ရင်း ထိုင်စောင့်နေပေမယ့် စိတ်တွေကတော့ ဂယက်ထနေလေပြီ။
အင်္ဂုလိမာလသုတ် က နှုတ်ကျိူးနေပြီ ဖြစ်သောကြောင့် အထေ့အငေါ့မရှိပေ။မွေးခန်းက အရမ်းကို အသံလုံလွန်းတာကြောင့် တိတ်ဆိတ်နေသည်ကို ခ တကယ်ပံ ဘဝင်မကျဖြစ်မိသည်။
ဇွဲကသူ့ရဲ့ လက်လေးတွေကို ဆုပ်ကိုင်ထားနေပေမယ့် ဇွဲရဲ့လက်တွေဟာကို အေးစက်နေသေးသည်။
သူတို့နှစ်ဦးလုံးက ဘာအတွေ့အကြုံမှ မရှိတဲ့ ဖခင် နှစ်ဦး မဟုတ်ပါလား...?သားလေးက တကယ့်ကို လိမ္မာသည်။မွေးခန်းထဲ ဝင်သွားပြီး မိနစ်သုံးဆယ် မပြည့်ခင်မှာပင် ဆရာမလေးက ပွေ့ချီလာပေးသည်။
ဆရာမ လက်ထဲက အထုပ်လေးကို ခ တကယ်ပဲ အရမ်းကို အူယားမိသည်။
ခရော ဇွဲပါ အတူတူ ပြေးရင်း ကြည့်မိကြသည်။
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...