Chapter-52(Final)🌻

8.3K 293 34
                                    

Unicode.........

10နှစ်ခန့် ကြာပြီးနောက်.........,

ပင်လယ်ကနေ တိုက်ခတ်လာတဲ့ လေပြေတွေ‌က ခ ရဲ့မျက်နှာပေါ် ဖျတ်ပြေးသွားတဲ့အလျောက် ခ တဝကြီးရှူရှိုက်ကာ အပြုံးခပ်လွင်လွင်လေးနဲ့သာ ပြုံးလိုက်သည်။ ခနဲ့အတူ ဘေးချင်းကပ်ထိုင်ရင်းက ပင်လယ်ကိုမျက်နှာမူနေသော တစ်ယောက်သောသူမှာလည်း ပြုံးလျက်ရှိသည်။
ကမ်းခြေရဲ့ အုန်းပင်ရိပ်အောက်မှာ ထိုင်ရင်းပြုံးနေမိတဲ့ အသက်35/36 နှစ်အရွယ် လူလတ်ပိုင်း ယောက်ျားနှစ်ယောက် ဖြစ်ခဲ့လေပြီ။
သို့သော်လည်း ထိုသူနှစ်ဦးရဲ့ ချောမောခန့်ညားမှာ အလုံးစုံကတော့ အချိန်တွေ နောက်ပြန်စီးနေသလိုသာ အရင်ကထက်တောင် ပို၍ ချောမောလာလေသည်။
Hawaiian shirtအဖြူလေးကို ဘောင်းဘီတိုလေးနဲ့ ဝတ်ထားရင်း လဲလျောင်းနေသူ ခ နံဘေးမှာ အပေါ်ပိုင်းဗလာနှင့် ဇွဲထက်မင်းလျှံ က ဘေးတစောင်းလဲကာ လက်နှင့်ထောက်ရင်း ပြီတီတီနှင့် ကြည့်နေသည်။

"နောက်ဆုံးတော့ ပင်လယ်ကို မိသားစုအကုန် ခရီးထွက်ချင်တဲ့ ဆန္ဒတစ်ခုက ဖြစ်မြောက်ခဲ့ပြီ"

ခ ပြုံးရင်း ပြောတော့ ဇွဲထက်လည်း

"ကိုယ်တို့ နွေရာသီတိုင်း ကလေးတွေခေါ်ပြီး ခရီးထွက်ကြတာပေါ့။ အလုပ်က ဘယ်လောက်ရှုပ်ရှုပ် နောက်မှ လုပ်လို့ရပါတယ်...ခ သွားချင်တဲ့နေရာသာ ပြော..ကိုယ့်ကို အားမနာနဲ့"

ဇွဲထက်ကို ခက ပြန်ကြည့်ရင်း

"ဒါနဲ့ ဒီကိုယ်ဗလာကြီးက ဘာအထာလဲ ကျားကျား..?"

ခ မျက်စိမျက်နှာ ပစ်ကြနေတဲ့ သူ့ရဲ့ အပေါ်ပိုင်းကို သူပြန်ကြည့်ရင်း ခပ်ကြိတ်ကြိတ်ရယ်ကာ

"အော်...ဒါက ကိုယ်ခဏနေ ရေသွားကူးရင် ခန္ဓာကိုယ်မှာ အဝတ်ကပ်နေတာမျိူး မကြိုက်လို့ ချွတ်ထားတာ။
ဘာလဲ...ကိုယ့်အခုလို ဖော်ထားတာကို သဝန်တိုလို့လား..?"

ခ က သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ

"ဟွန့်...တိုစရာကိုမရှိတာ။ အသားမဲမှာ စိုးလို့ပြောတာ။"

"အသားမဲမှာ ကြောက်စရာလား..?
ကိုယ်ကတော့ မဲလေ ပိုမိုက်လေပဲ။ကိုယ့် six packတွေနဲ့သာဆို လုံးဝကို မိမိုက်သွားမှာ။
သိတယ်မလား..?အခုခေတ် ကလေးတွေ ကိုယ့်လို ဘော်ဒီတွေကို အသေကြွေနေတယ်ဆိုတာ"

You've reached the end of published parts.

⏰ Last updated: Nov 04, 2021 ⏰

Add this story to your Library to get notified about new parts!

Preciously-"U" (Completed)Where stories live. Discover now