Unicode.......
နေရောင်ခပ်ပြပြ ဖြာကျနေတဲ့ နူးနူးညံ့ညံ့မျက်နှာလေးနဲ့ ကောင်လေးက ဇွဲထက်ရှေ့မှာ ပြုံးဖြီးနေသည်။
လိုချင်တာရနေတဲ့ ပုံစံလေး က ..နေယံခရဲ့ ပုံမှန်အချိန်တွေနဲ့တော့ မတူ။
သွားတန်းလေးတွေ ပေါ်အောင် ပြုံးကာ ရေခဲမုန့်ကို ကလေးလိုစားသည်။"အဲ့လောက်တောင် ကြိုက်တာလား.."
ဇွဲထက် မေးလိုက်တော့ ငုံ့နေတဲ့မျက်နှာလေး မော့လာကာ..
"အင်း..အရမ်းပဲ..။
အခုလို ပူတဲ့အချိန်မှာ ရေခဲမုန့်လေးစားလိုက်ရတာက အချစ်စစ်ရဲ့အနမ်းထက် ချိူတယ်တဲ့.."ဇွဲထက် မကြားဖူးတဲ့စကားတွေနဲ့ ချူပ်နေသည်။အမှန်တော့ ခ ကို သူသိပ်မကျွေးချင်ပါ။
ချောင်းဆိုးမှာ ကြောက်လို့ပင်။ ခ က တစ်ခုခုဆိုထိခိုက်လွယ်ပြီး ဖြစ်ရင်လည်း အချိန်ကြာတတ်သည်။"ဒါဆို ရေခဲမုန့်က ကိုယ့်ထက်ပိုချိူတာလား..?"
ဇွဲထက် ခနိုးခနဲ့မေးလိုက်တော့ ခ က စဉ်းစားသလိုလုပ်ပြီးမှ
"အဲ့လိုတော့ မဟုတ်ပါဘူး။ ရေခဲမုန့်က ခံတွင်းကိုအချိူဓာတ်ဖြည့်ပေးတယ်။ ဇွဲ က ခရဲ့နှလုံးသားကို အချိူဓာတ်တွေ ဖြည့်ပေးတယ်လေ..ချိူတာချင်းတော့ တူတူပဲ။ ချိူပုံချိူနည်း မတူတာ။ဟီး.."
ခရဲ့ စကားကြောင့် ဇွဲထက် ပြုံးလိုက်မိသည်။
ဒီကောင်..ဘယ်တုန်းက ဒီလိုစကားတွေ တတ်လာပါလိမ့်။"မင်းကလေ..တော်တော်ချူပ်နိုင်တဲ့ကောင်.."
ခ ရဲ့နှာထိပ်လေးကို ဖျစ်ညစ်လိုက်သည်။
"အများကြီးမစားရဘူးနော်။ စကားတွေ အရမ်းတတ်နေတာ မသင်္ကာဘူး။နောက်ထပ်တစ်ခွက်ဆိုပြီး တောင်းဖို့မကြံနဲ့"
ခရဲ့စိတ်ကို ကြိုသိနေတော့ ကြိုတင် ဟန့်တားလိုက်သည်။
ခ မျက်နှာလေး ပုတ်မယောင်ဖြစ်သွားပြီးမှ"ဇွဲ...ငါမင်းရဲ့ စတော်ဘယ်ရီရေခဲမုန့်လေး မြည်းကြည့်လို့ရမလား..?"
ပြီတီတီရုပ်လေးနဲ့ လက်က ခွက်ကို autoကိုင်ပြီးသားဖြစ်နေသည်။ ဇွဲထက် မျက်ခုံးကြုံ့လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...