Unicode..........
အရင် ရပ်ကွက်...အရင်နေရာ...အရင်လမ်းလေးထဲကို ကားလေးက တလှိမ့်လှိမ့်မောင်းနှင်သွားတယ်။
ဇွဲထက်အတွက် ဒီရပ်ကွက်ကလေးက လုံးဝရင်းနှီးနေပါရက်နဲ့ အခုန်မြန်နေတဲ့ ရင်တစ်စုံကိုတော့ ဖုံးဖိမရခဲ့ဘူး။
မနက်အစောကြီးထပြီး ကားမောင်းလာခဲ့တာတောင် သူကသွက်လက်နေတုန်းပဲ။
တစ်စုံတစ်ယောက်ဆီအပြေးရောက်ချင်တဲ့စိတ်....ပြေးတွေ့ချင်တဲ့စိတ်...အရင်ထက် ပိုချစ်ပေးချင်တဲ့စိတ်တွေက သူ့နှလုံးသားထဲမှာ လျှံလုနီးပါး ပြည့်နှက်နေတယ်။
ခ သူ့ကိုမြင်မြင်ချင်း ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို...သူသိပ်သိချင်နေတယ်။
သူ့ကို အပြေးလေး ဖက်မလား(ဒါမှမဟုတ်) ခပ်စိမ်းစိမ်းများ ကြည့်နေမှာလား...?
အကယ်၍ ခပ်စိမ်းစိမ်းများ ကြည့်နေခဲ့မယ်ဆိုရင် သူခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
ဒါပေမယ့် ထိုအရာတွေ အားလုံးကိုဖြန်ဖြေပြီး အရင်လို ပြန်လည်တည်ဆောက်ဖို့ကို သူဆုံးဖြတ်ထားပြီးခဲ့ပြီ။
အခု သူ့စိတ်ထဲမှာ စကားလုံးတစ်ချိူ့ကသာ နေရာယူထားတယ်။"ခ....ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူး"
သူ့ကားလေးက ခပ်ကျယ်ကျယ် ခြံရှေ့မှာရပ်တန့်သွားတယ်။
အိမ်လေးက နှစ်ထပ်အိမ်လေးပဲဆိုပေမယ့် အပြင်ကကြည့်ရုံနဲ့တင် အရမ်းခမ်းနားတယ်။
ကျယ်ဝန်းတယ်။ ခြံထဲက အပင်တွေကအစ အသေးစိတ်ဆန်တယ်။
ဒီအိမ်ထဲမှာ သူနဲ့ခရဲ့ အငွေ့အသက်တွေ ရှိခဲ့တယ်။
ဒါပေမယ့် ခပ်အေးအေး အငွေ့အသက်များပဲပေါ့။
ခအတွက် အချစ်တွေဆိုတာ ရန်ကုန်ရောက်ပြီးမှ သူက စသတိထားမိတာကိုး။
ခ ဆိုတာကတော့ သူဒီအိမ်ထဲကို ခြေမလှမ်းခင်ကတည်းက သူ့ကို ချစ်ခဲ့သည်လေ။
အမေ့ကြောင့်သာ သူဒီအိမ်ကို ဝင်ရောက်ခဲ့ရပေမယ့် လွတ်မြောက်သွားတဲ့အချိန်မှာကျတော့ သူကိုယ်တိုင်ကိုက ဒီအိမ်ထဲကို ပြန်ဝင်နိုင်ဖို့ကြိုးစားရမယ်မှန်း မသိခဲ့ဘူး။
အခုရော ဒီအိမ်ရှေ့ကို သူရောက်ခဲ့ပြီ။
အရင်လို အပြေးလေး ထွက်လာကြိုမယ့် သူ့အိမ်သူ ခင်ပွန်းသက်ထားလေး ရှိပါအုံးမလား..?
သူတွေဝေနေဆဲပင်။တီ___တီ..!
ဇွဲထက် အိမ်ရှေ့မှာ ကားရပ်ပြီးတာနဲ့ တစ်စုံတစ်ယောက် ထွက်လာလို ထွက်လာငြား ဟွန်းတီးလိုက်တယ်။
ဒါပေမယ့် အချိန်အတန်ကြာတဲ့ထိ ဘယ်သူမှ ထွက်မလာဘူး။
အိမ်တံခါးကတော့ ပွင့်နေဆဲပဲ။
ဇွဲထက် အိမ်ထဲကို တစ်လှမ်းချင်းဝင်သွားရင်း သတိထားကြည့်တော့ တစ်အိမ်လုံး တိတ်ဆိတ်ကာ အိမ်ဖော်တွေ တစ်ယောက်မှ မရှိဘူးဖြစ်နေတယ်။
တစ်ယောက်ယောက်ကိုတွေ့နိုင်ဖို့အတွက် ဇွဲထက် စားဖိုခန်း...စာကြည့်ခန်း...အကုန်ဝင်ကြည့်ခဲ့ပေမယ့် ဘယ်သူမှ မတွေ့ဘူး။
နောက်ဆုံး သူ ခရဲ့ သီးသန့်အိပ်ခန်းလေးကို သတိရသွားတယ်။
သူတို့အရင်က ခွဲအိပ်ခဲ့ကြတာ မဟုတ်လား။
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...