Chapter-16🌻

4.4K 350 2
                                    

Unicode........

"ဒီနေ့ ...တကယ်ပဲ ခကိုအချိန်ပေးမှာလား"

"တကယ်ပါဆိုကွာ...သွား...အဝတ်သွားလဲ"

ဇွဲက လျှောက်လည်မယ်ပြောထားလို့ ခတကယ်ပျော်သွားတယ်။
ပျော်ရွှင်ဖွယ် နေ့လေးဖြစ်ဖို့ ခ အဝါရောင် ရှပ်အပွနဲ့ ဒူးပြတ်ဂျင်းလေး ဝတ်လိုက်သည်။

"အဆင့်သင့်ပဲကွ"

"ချစ်ဖို့ကောင်းတယ်"

ခရဲ့ ဆံပင်လေးတွေ ဖွရင်း ဇွဲကပြောလာသည်။ တကယ်တော့ ခအမြင်မှာ ဇွဲက ပိုချောသည်။
အညိုရောင် မျက်ခုံးတန်းများနင့် အဖြူလွလွ ရှပ်လေးဝတ်ကာ အနက်ရောင်ပန့်လေး။
ဒီနေ့တော့ ခန့်ညားတဲ့ ဇွဲထက်မင်းလျှံ ဟာ ခအပိုင်ဆိုတာကို တလောကလုံးသိအောင်ပြရမည်။
စိတ်ကူးနဲ့တောင် ခ ကြည်နူးမိသည်။

"ဒါနဲ့ ဘယ်ကို အရင်သွားမှာလဲ...?"

"အရင်ဆုံး KFCသွားစားရအောင် နော်"

အရမ်းကြီး မချွဲဖူးတဲ့ နေယံခဟာ အခုလို ခလေးတစ်ယောက်လို ပျော်ပျော်နေတာမြင်ရတော့ ဇွဲစိတ်ထဲ အားရမိသည်။

"ဟုတ်ပြီ..ခါးပတ်ပတ်ပေးမယ်"

"ရွတ်.."

ခရဲ့ ခါးနားလေးက ခါးပတ်ကို တပ်ပေးဖို့ လှမ်းလိုက်တော့ ကျ‌နော့  ပါးပြင်ပေါ် ကျရောက်လာသော အနမ်းမြမြလေး။
ဘာမှမသိတဲ့ ခလေးတစ်ယောက်လို ပြန်နေနေတဲ့ ကောင်လေးကို မော့ကြည့်တော့

"အနား ပြန်လာပေးလို့ ဆုချတာ"

နေယံခ တကယ်ပဲ ချစ်ဖို့ကောင်းပါသည်။ တစ်ခါတစ်ရံ ကျနော်တို့စိတ်ထဲက အစိုင်အခဲတစ်ခုကြောင့် ပတ်ဝန်းကျင်ကို သတိမမူမိတာဖြစ်နိုင်သည်။
သူပဲ နမ်းပဲ သူပဲရှက်နေတဲ့ ကောင်လေးကို ဇွဲဆက်မကြည့်တော့ပဲ ကားစတီယာရင်ကိုသာ ကိုင်လိုက်သည်။

"နောက်ဆို ဆုများများရအောင်လုပ်အုံးမှာ"

အရှေ့ကိုသာကြည့်ပြီး ပြောလိုက်ပေမယ့် ဘေးက ကောင်လေးတော့ ပါးတွေ နီရဲလာတော့သည်။
မိန်းကလေးတစ်ယောက်မဟုတ်ပဲလဲ မင်းကလှသားပဲ...နေယံခ။

***********************************

"မမမြရော...လိုက်မယ် မဟုတ်လား"

Preciously-"U" (Completed)Where stories live. Discover now