Unicode..........
ညနေခင်းရဲ့ လေပြေလေညင်းကြောင့် လိုက်ကာစလေးတွေက လှုပ်ခတ်နေသလို ရှိန်းခရဲ့ ရင်အစုံကလည်း လှုပ်ခတ်ကာ တစ်ချက် တစ်ချက်ပြုံးနေသည်။
စားပွဲရဲ့ တစ်ဖက်မှာ ထိုင်ရင်း လက်ကလဲ ဂဏာမငြိမ်စွာ ဝိုင်ပုလင်းကို ခက်ရင်းနဲ့ တီးခတ်နေသေးသည်။တင်းတောင်_တင်းတောင်🔔
မြည်ဟီးလာတဲ့ လူခေါ်ဘဲလ် တစ်ချက်မှာတင် သူတံခါးရှေ့ ချက်ချင်းရောက်သွားသည်။
သူ့ရဲ့ အဖြူလွလွအင်္ကျီကို သပ်ရပ်စွာ ပြင်ဆင်ပြီးမှ တံခါးဖွင့်လိုက်တော့ မုန့်ဘူးကို ကိုင်လျက် မျက်လုံးဝိုင်းများဖြင့် ရပ်စောင့်နေသော အနှီလူသားကို မြင်လိုက်ရသည်။"ဦးရာ...ဝင်လာလေ"
"အင်း"
ရှိန်းခရဲ့ ခေါ်သံအဆုံးမှာ ဦးရာ မုန့်ဘူးကိုကျစ်ကျစ်ဆုပ်ကိုင်ပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် တိုက်ခန်းထဲသို့ ဝင်လိုက်သည်။
ဂျိန်း..!
ဦးရာရဲ့ နောက်ကျောတစ်စုံကို ငေးကြည့်ပြီးမှ ရှိန်းခ တံခါးကို ပိတ်လိုက်သည်။
တံခါးပိတ်သံကျယ်သွားသောကြောင့် ဦးရာ ကိုယ်လေးတောင်လှုပ်ခတ်သွားသည်။ဦးရာရဲ့ ထူးဆန်းသောအပြုအမူကို ရှိန်းခ ခပ်သဲ့သဲ့ ရယ်လိုက်မိသည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတဲ့ ဦးရာရဲ့ အဖြူရောင်အင်္ကျီကိုလဲ သဘောကျမိသည်။နှေးတုံ့စွာ လျှောက်နေတဲ့ ဦးရာရှေ့ကို ရှိန်းခ လျှောက်သွားလိုက်ပြီး စားပွဲတစ်ဖက်က ထိုင်ခုံမှာ နေရာပေးလိုက်သည်။
"ဒီမှာ..ထိုင်"
စားပွဲပေါ်က အပြင်အဆင်ကြောင့် အရာအံ့သြသွားသည်။
တစ်ခုခုကို ခံစားနေရသည်။မုန်တိုင်း တစ်ခုခု။"မင်း....ဘာလို့ အများကြီး ပြင်ထားတာလဲ?
ဒီတိုင်း ညစာလေးပဲကို"အရာ ဒီတိုင်းညစာဆိုတဲ့နေရာမှာ အသံမြင့်လိုက်တာကို ရှိန်းခ သဘောမကျစွာ မျက်နှာမဲ့လိုက်ပြီး
"ဘာဒီတိုင်းညစာလဲ..ကျနော့ အတွက်တော့ ထူးခြားတယ်။ ကျနော်နဲ့ ဦးရာ အခုလို နှစ်ယောက်တည်း ညစာစားဖို့က ကြုံခဲတယ် မဟုတ်လား?"
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...