Chapter-7🌻

4.6K 346 3
                                    

Unicode.......

"အသက်..ခွေးလေးက ချစ်စရာလေး။
ဘယ်လိုခေါ်ရမလဲ"

အသက် ကြိုးလေးဆွဲလာတဲ့ ခွေးလေးက ဖြူဖြူစွတ်စွတ်လုံးလုံးလေး။
ချစ်စရာအရမ်းကောင်းလို့ အရာကိုင်ကြည့်လိုက်တယ်။

"ဂျပန်ဧည့်သည်တွေရဲ့ ခွေးလေးပါ။ဆာကူရာတဲ့။"

"ဆာကူရာ!"

"လေးလေးရာ...ဘာလို့ဒီမှာ အလုပ်လာလုပ်တာလဲ။ကိုရှိန်းကိုပြသနာရှာချင်ရုံ ဆိုရင်တော့ အားနာစရာကြီး"

အရာမတ်တပ်ရပ်လိုက်ကာ

"အဲ့လိုမဟုတ်ဘူး။လေးလေးက အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲပါတယ်။အခုလည်း စိတ်ပါလက်ပါ အလုပ်လုပ်နေတာ အသက်တွေ့တာပဲ"

"အာ့ဆိုလဲ ပြီးရော။အသက် ဆာကူရာလေးကို လမ်းလျှောက်ခေါ်သွားအုံးမယ်"

အသက် ကြိုးကိုဆွဲကြည့်လိုက်ရာ ဆာကူရာလေး မရှိတော့။

"လေးလေး..ခွေးလေး ပျောက်သွားပြီ"

အသက်ရော အရာပါ ပျာယာခတ်သွားသည်။

"ဟမ်..!! ဆာကူရာ!!"

"ဆာကူရာ..!!!"

ခေါ်နေလည်း ထူးမှာမဟုတ်။

"အသက်..ဒီဘက်လမ်း သွားရှာ။လေးလေး ဟိုဘက်မှာ သွားရှာမယ်။တွေ့ရင် ဖုန်းခေါ်လိုက်"

"ဟုတ်"

လေးလေးရာကို ကျောခိုင်းကာ အသက်ပြေးထွက်လိုက်သည်။
လမ်းမှာတွေ့သမျှ လူတွေကိုလည်း

"ခွေးဖြူဖြူကစ်ကစ်လေး တွေ့မိသေးလားရှင့်"

"မတွေ့ဘူး"

"ဆာကူရာ .!!!"

"ဆာကူရာ..!!"

ခွေးပေါက်လေးက အဝေးကြီးများပြေးသွားတာလား။

"ဝုတ်...ဝုတ်...!"

ဟင်...ဒါခွေးသံလေးပဲ။ခွေးသံကြားရတဲ့ ထင်းရှူးပင်တန်းနောက်က ထိုင်ခုံလေးဆီ သွားကြည့်လိုက်တော့ ခွေးလေးကို ပွေ့ကာ ကစားနေသူမှာ ဇွဲထက်မင်းလျှံ။
သူ့မျက်ဝန်းတွေက အသက်ကို အစွဲညို့နိုင်ဆုံးအရာ။
သူပြုံးလိုက်တိုင်း မျက်ဝန်းလေးတွေက အရည်ရွန်းသည်။
အသက်ကိုယ်တိုင် ငေးကြည့်နေမိပြီးမှ

Preciously-"U" (Completed)Where stories live. Discover now