Unicode........
တင်းတောင်~တင်းတောင်......
လူခေါ်ဘဲလ်ကို နှိပ်ပြီးသည့်တိုင် ရှိန်းခ ရင်ခုန်နေဆဲ။
ဘာကြောင့်မှန်းမသိ အသက်က ညစာလာစားဖို့ဖိတ်ထားခြင်းပင်။ ဦးရာနဲ့မတွေ့ရတာလဲ ကြာနေတဲ့အတွက် ရှိန်းခပျော်မိသည်။"ကိုရှိန်း...ရောက်လာပြီလား။ဝင်ခဲ့လေ"
အသက်က ဖော်ဖော်ရွေရွေလာခေါ်သည်။ သူမရဲ့လှပခြင်းတရားများထက် ရှိန်းခ တစ်စုံတစ်ယောက်ကိုသာ ဝေ့ဝဲရှာကြည့်လိုက်သည်။
"အိမ်မှာ ဘယ်သူမှမရှိဘူးလား?"
"ရှိပါတယ်။လေးလေးနဲ့ အန်တီမြက မီးဖိုချောင်ထဲမှာ..ချက်ပြုတ်နေတာ။"
"အော်"
ရှိန်းခ ဆိုဖာမှာဝင်ထိုင်လိုက်ပေမယ့် မီးဖိုချောင်ဘက်ကိုတော့ အကြည့်မပျက်။ အရင်တစ်ခေါက်က စ,လိုက်တာကို စိတ်ဆိုးသွားတဲ့သူက ဘယ်လိုနေမလဲ။
ဘယ်လိုပုံစံဖြစ်နေမလဲ မြင်ချင်နေပြီ။"ထမင်းဟင်းတွေ ကျက်ပြီဟေ့။မောင်ရှိန်းခ ဝင်ခဲ့လေ"
"အော်..ဟုတ်ကဲ့ဗျ"
အန်တီမြက ခေါ်တော့ စားဖိုခန်းက စားပွဲမှာ ဝင်ထိုင်လိုက်သည်။ အသက်လေးကတော့ ဂါဝန်အဖြူရောင်လေးကို ဝေ့ကာ ထမင်းခူးပေးနေသည်။
တစ်ယောက်သောသူကတော့ ဟင်းပန်းကန်တွေချပေးနေသည်။
ရှုပ်ပွနေသော ဆံပင်ကြောင့် မျက်နှာတောင်ကောင်းကောင်းမမြင်ရ။ အပြာနုရောင်Pyjamasလေးနဲ့ ဦးရာဟာ ရှိန်းခအမြင်မှာ ချစ်စရာကောင်းလွန်းသည်။ လူကိုအဖတ်မလုပ်တာလေးကိုတော့ ကိုင်သာဆောင့်ပစ်ချင်သည်။ ကိုယ့်ထက်အသက်ကြီးတဲ့ လူကို ပြစ်မှားမိတာ ရှိန်းခအတွက်ပထမဆုံးပင်။"ဒါနဲ့ ဟင်းအကုန်လုံးက ဦးရာချက်ထားတာလား?"
ဦးရာကို ကြည့်ကာ ပြောလိုက်တော့ မျက်လုံးလေးတွေ ဝိုင်းစက်ကာ ပင့်ကြည့်လာသည်။
"ဟုတ်တယ်လေ..ကိုရှိန်း။ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး။ကိုယ့်အသက်သာ ချက်ရင် ဒီ့ထက်ပိုစားကောင်းမှာလို့ ပြောမလို့"
ကောင်စုတ်လေး စကားကြောင့် အသက်မျက်နှာလေး ငုံ့သွားသည်။ ဒါတမင်သက်သက် လုပ်နေတာ။
ဖဲ့သလိုရွဲ့သလိုနဲ့ စကားပြောတာကအစ အချိူးမပြေ။
ပြီးတော့ ချစ်သူအိမ်လာတာ ပထမဆုံးအခေါက်လဲ မဟုတ်ဘဲနဲ့ ဒီလောက်ထိချောစရာလိုလို့လား။
ဝတ်လာတာ နက်ပြာရောင် စပို့ရှပ်နဲ့ ဂျင်းပန့်။
အရပ်ထောင်ထောင်မောင်းမောင်းနဲ့ သပ်ရပ်စွာဖီးတင်ထားသော ဆံပင်များကြောင့် ရှိန်းခ နဖူးပြင်ဟာ ယောက်ျားဆန်လွန်းခဲ့။
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...