Unicode.......
ခ မျက်လုံးတွေ အရမ်းလေးလံနေတာကို ခံစားရသည်။
မျက်ခွံကို မရမက ဖွင့်လိုက်တော့ အခန်းခပ်မှောင်မှောင်ထဲရောက်နေတာကို ခံစားရသည်။
သူအိမ်မက်ဆိုးတွေ မက်ခဲ့သည်။ သူအမှောင်မိုက်ဆုံး နေရာတစ်ခုကို ရောက်သွားပြီး ဘယ်သူ့မှ သူ့ကို လာမရှာကြပေ။
သူအော်ဟစ်နေပေမယ့် ဘယ်သူမှ မကြားတဲ့ နေရာတစ်ခုပေါ့။
အမှောင်ထဲမှာ ဇွဲရဲ့ အရိပ်တစ်ခုကသာ ပျောက်လိုက် ပေါ်လိုက်ဖြစ်နေသည်။ ခ ဘယ်လောက်ပဲ လိုက်ဖမ်းဆုပ်ပါစေ။ ပျောက်ကွယ်သွားသည်။
ခ ငိုချင်စိတ်ကို ထိန်းထားပေမယ့် အသံ တအစ်အစ်က ထွက်ပေါ်လာတယ်။"ခ..!"
အခန်းထောင့်တစ်နေရာကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် ခ မျက်လုံးလေး ဝေ့ကြည့်မိတယ်။
အလင်းရောင်တစ်ခုနဲ့အတူ ဇွဲက သူ့ဆီလျှောက်လာတယ်။
ဇွဲ ခဆီ မရောက်တရောက်မှာပဲ ခသူ့ခါးကို ဆွဲဖက်လိုက်တယ်။"နောက်ဆုံးတော့ ဇွဲကိုမိပြီ။ ခ အရမ်းကြောက်နေခဲ့တာ။
အမှောင်ထဲမှာ ခ တစ်ယောက်တည်းဖြစ်နေခဲ့တာ""ခရယ်.."
ဇွဲက သူ့ခေါင်းလုံးလုံးလေးကို အနမ်းပေးရင်း ကျောပြင်ကို ပွတ်သပ်ပေးသည်။
"ကိုယ် ခ ဘေးမှာ အမြဲရှိပါတယ်။ ကိုယ်မီးဖွင့်လိုက်မယ်နော်"
ဇွဲ မီးခလုတ်ကို ဖွင့်လိုက်မှသာ တစ်ခန်းလုံးလင်းထိန်သွားသည်။
ကုတင်ပေါ်က နှာရဲရဲလေးနဲ့ မျက်ခွံတွေမို့အောင် ငိုထားတဲ့ ကောင်လေးက သူ့ကိုကြည့်နေသည်။
ဇွဲ ခအနားကို လျှောက်သွားကာ ခကိုငုံကြည့်ရင်း"နောက်ဆို ခ အိမ်မက်ဆိုး မမက်အောင်ထိ ကိုယ်ထားပါ့မယ်။
ခ အခုလိုဖြစ်ရတာလဲ ကိုယ့်ကြောင့်ပါနော်။
ကိုယ် မကောင်းတာပါ ...ကိုယ်ခ ကို တစ်ယောက်တည်းထားခဲ့မိတာ ကိုယ်မှားတာ"ခက ဇွဲလက်ကို ဆုပ်ကိုင်ကာ ကုတင်ပေါ် ထိုင်စေရင်း
"ဟင့်အင်း...ခကသာ ဇွဲမရှိရင် မနေနိုင်လို့ပါ။
ခလေ...ဇွဲကို မြင်မနေရရင် ခ ကမ္ဘာကြီး ပျက်သုဉ်းသွားသလိုပဲ သိလား..?""ကိုယ်သိတယ်...ကိုယ်သိပြီမို့ ကိုယ်ထပ်ထားသွားမှာ မဟုတ်ဘူးနော်။
ပြီးတော့ ကိုယ်တို့ သတင်းကောင်းတစ်ခုရှိသေးတယ်။"
![](https://img.wattpad.com/cover/234064179-288-k776692.jpg)
ESTÁS LEYENDO
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...