Chapter-20🌻

5K 327 4
                                    

Unicode.........

"အရာရေ...နောက်ဆုံးတော့ ငါတို့အသက်လေး လက်ထပ်ရတော့မယ်"

ထမင်းပွဲပြင်ရင်းကနေ မမမြက ပြုံးရင်းပြောလာသည်။အရာ ပြုံးရုံပြုံးပြလိုက်သည်။

"အသက်လေးကို သူဌေးလေးရှိန်းခ လက်ထဲထည့်ရမယ်ဆိုတော့ စိတ်တော့ချပေမယ့် အသက်လေးကိုနှမြောမိသား။ ကိုယ့်သားသမီးကို မပိုင်ဘူးဆိုတာ ဒါမျိူးကို ပြောတာ။
ဒါပေမယ့် အသက်ပျော်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။"

ကျနော်ကတော့ အသက်ပျော်မယ်လို့မထင်မိပါ။
အချစ်ထက် ဘဝကို အလေးပေးခဲ့တာမဟုတ်လား။ အသက်တစ်ယောက် ရှိန်းခကိုချစ်ရဲ့လားဆိုတာတောင် ကျနော်မမှန်းတတ်။
သူမကပဲ အေးလွန်းတာလား...။

"မမသက်က မလာသေးဘူးလား?
ပန်ပန် ဗိုက်ချာနေပြီ ..ယို့"

အရာအတွေးတွေ ရပ်သွားပြီး ပန်ပန်လေးကိုကြည့်လိုက်တော့ ဗိုက်ကလေးကိုဖိကာ နှုတ်ခမ်းလေးစူပြနေသည်။

"ပန်ပန်လေးက လိမ္မာပါတယ်။ဒေါ်ဒေါ်ကြီးနဲ့ စားထားနှင့်နော်။
ပါပါး သွားခေါ်ကြည့်မယ်"

"ရင်ခုန်ပြီး ညစာစားဖို့မေ့နေပြီနေမှာ။ သွားကြည့်လဲ့"

"ဟုတ်..မမမြ'

အပေါ်ထပ်ရဲ့ ထောင့်ဆုံးအခန်းလေးကို လျှောက်သွားလိုက်သည်။ အသံမပြုဘဲ အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး

"အသက်..အသက်ရေ"

ခေါ်သံကိုပြန်မထူးဘဲ ငူငိုင်စွာ ထိုင်နေတဲ့ အသက်ကိုတွေ့ရတယ်။ pre-weddingရိုက်ပြီး ပြန်လာကတည်းက အင်္ကျီလဲ မလဲရသေးဘူးထင်တယ်။

ဒေါက်_ဒေါက်

တံခါးခေါက်လေ့မရှိတဲ့ မိသားစုလေးဆိုပေမယ့် အတွေးလွင့်နေပုံရတဲ့ အသက်ကို တံခါးခေါက်သံနဲ့ သတိပေးလိုက်မှ

"အာ..လေးလေးရာ"

"ခေါ်နေတာကြာပေါ့...ညစာစားမယ်လေ"

အသက်ပုံစံက တခုခုကိုအတွေးလွန်နေသလိုလို။ ပြန်ဖြေပုံတွေကလည်း ထစ်အစွာ။
ရင်အခုန်လွန်နေတဲ့ သတို့သမီးတိုင်းက ဒီလိုပဲလား...။

Preciously-"U" (Completed)Where stories live. Discover now